သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၇

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၌ ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေး ရွာရှိ ကလေးငယ်များ စာပေသင်ကြားနေသော နေအိမ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ကလေး ၅ ဦးအပါအင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဂျက်ဖိုက်တာနဲ့ လာကျဲသွားတာဖြစ်ပါတယ်။ ရော့ကတ်နဲ့ပစ်သွားတာလို့ ယူဆရာပါတယ်။ အလုံး ရေအတိအကျတော့ ပြောရခက်တယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ အပြင်းအထန်ဒဏ်ရာရတဲ့သူတွေ လည်းရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုအော် စမွန်က ပြောကြားသည်။

အကြမ်းဖက် စစ်ကော်မရှင်က အရပ်သား ပစ်မှတ်များဖြစ်သော ပြည်သူပိုင်နေအိမ်များ ၊ ဆေးရုံ များနှင့် စာသင်ကျောင်းများကို မကြာခဏ ဦးတည်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို အောက် တန်းကျကျ ကျူးလွန်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာ အုပ်ချုပ်ရေးမှူးထွန်းသိမ်း ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာ အုပ်ချုပ်ရေးမှူးထွန်းသိမ်း ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၈ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကန်သာယာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းသိန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံ မှ သိရသည်။ စက်တင်ဘာလ ၆ ရက် ည ၇ နာရီ ၃၀ မိနစ်က အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာနေ...