AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) Kim Aris နှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံပြီး ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာစေ ရန် ကြိုုးပမ်းကြမည်ဟု သဘောတူညီခဲ့ကြောင်း သိရသည်။

မကြာသေးခင်ကာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန် လင်း (ခ) Kim Aris နှင့် အာရက္ခတပ်တော် – AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ ဆုံခဲ့ ကြောင်း၊ ထိုသို့ တွေ့ဆုံရာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို အထူးလေးစားပြီး ကျန်းမာရေးအခြေအနေကို စိုးရိမ်သည်ဟု ပြောဆိုခဲ့ကြောင်း ပြောဆိုခဲ့ သည်ဟု ဆိုသည်။

“မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်အ။ မေမေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက် နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန် လင်း (ခ) Kim Aris က ပြောဆိုထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန် လင်း (ခ) Kim Aris အနေဖြင့်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အောင်ပွဲသတင်းများအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ရခိုင်ပြည် သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ပိုမို သိရှိနားလည်းခဲ့ရကြောင်း၊ တစ်ဦးနှင့်တစ်ဦး ပံ့ပိုး ကူညီကြရန်၊ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာစေ ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု သဘောတူခဲ့ကြောင်း သိရသည်။

“ကျနော်ကလည်း ကိုထွန်းမြတ်နိူင်နဲ့ သူရဲ့တပ်ဖွဲ့များရဲ့ အချိန်တိုတိုမှာ ရရှိခဲ့တဲ့ အောင်မြင်မှုများကို အင်မတန်ချီးကျူး ဂုဏ်ပြုမိကြောင်း ပြောခဲ့တယ်။ သူ့ဆီကနေ ရခိုင်ပြည်သူများကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ရှောဘေးရှောင်နေစဉ် ရင်ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပိုမိုသိရှိနား လည်ခဲ့ရ တယ်။ သူတို့ရဲ့ ကြံ့ကြံ့ခံ ဇွဲရှိသည်းခံမှုတွေဟာ မြန်မာနိုင်အနှံ့မှာ အတူတကွ လက်တွဲလုပ်ဆောင်မှု အင်မတန်လိုအပ်တယ်ဆိုတာ သတိပေးနေတယ်လို့ မြင်ပါတယ်။ ကျနော်တို့ နှစ်ဦး ယုံကြည်ရတဲ့ မိတ်ဆွေတွေ အနေနဲ့ရှိဖို့၊ တစ်ဦးကို တစ်ဦး ပံ့ပိုးကူညီဖို့၊ လူတိုင်း ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းစွာ နေထိုင် နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားဖို့သဘောတူခဲ့ ကြပါတယ်။” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန် လင်း (ခ) Kim Aris က ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် အမိန့် ပေးစေခိုင်းသူများအား ဖမ်းဝရမ်းထုတ်ပေးရေး အာဂျင်တီးနားတရားရုံးသို့ စာပို့တောင်းဆိုမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာ့တပ်တော် -BA ထုတ်ပြန်

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် အမိန့် ပေးစေခိုင်းသူများအား ဖမ်းဝရမ်းထုတ်ပေးရေး အာဂျင်တီးနားတရားရုံးသို့ စာပို့တောင်းဆိုမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာ့တပ်တော် -BA ထုတ်ပြန်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၅ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် အမိန့် ပေးစေခိုင်းသူများအား ဖမ်းဝရမ်းထုတ်ပေးရေး အာဂျင်တီးနားတရားရုံးသို့ စာပို့တောင်းဆိုမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာ့တပ်တော် -BA က ယနေ့ စက်တင်ဘာလ ၅ ရက်နေ့...