AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် အမိန့် ပေးစေခိုင်းသူများအား ဖမ်းဝရမ်းထုတ်ပေးရေး အာဂျင်တီးနားတရားရုံးသို့ စာပို့တောင်းဆိုမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာ့တပ်တော် -BA ထုတ်ပြန်

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် အမိန့် ပေးစေခိုင်းသူများအား ဖမ်းဝရမ်းထုတ်ပေးရေး အာဂျင်တီးနားတရားရုံးသို့ စာပို့တောင်းဆိုမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာ့တပ်တော် -BA ထုတ်ပြန်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၅

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် အမိန့် ပေးစေခိုင်းသူများအား ဖမ်းဝရမ်းထုတ်ပေးရေး အာဂျင်တီးနားတရားရုံးသို့ စာပို့တောင်းဆိုမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာ့တပ်တော် -BA က ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ တွင် ထုတ်ပြန်သည်။

စက်တင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် UK အခြေစိုက် မြန်မာ-မွတ်ဆလင် (BROUK) အမည်ခံပြည်ပ အဖွဲ့အစည်းတစ်ခုမှ အာရက္ခပြည်ရှိ မွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု တစ်ဖက် သက် စွပ်စွဲပြီး အာရက္ခတပ်တော်-AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် အမိန့်ပေးစေခိုင်းသူများအား ဖမ်းဝရမ်းထုတ်ပေးရေး အာဂျင်တီးနား တရားရုံးသို့ စာပို့တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

အာရက္ခပြည်သူ့တော်လှန်‌ရေးအစိုးရ-ULA/AA ထိန်းချုပ်ဒေသများတွင် ယှဉ်တွဲနေထိုင်သည့် မွတ်ဆ လင် အသိုင်းအဝိုင်းအပါအဝင် လူမျိုးခြား၊ ဘာသာခြား ဒေသခံပြည်သူများအား လူသားချင်းစာနာမှု အပြည့်ဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည်ကိုလည်း မီဒီ ယာများ နှင့် ဒေသခံပြည်သူများထံမှ သိရှိကြောင်း ဗမာ့တပ်တော် -BA က အသိပေးထားသည်။

ထို့အပြင် ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍လည်း ဒေသခံ ပြည် သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း သက်သေများနှင့်တကွ မီဒီယာများ တွင် ထုတ်ဖော်ရှင်းလင်းခဲ့သည့်အပြင် အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဖြစ်စဉ်အကြောင်းအရာ များအား အသေးစိတ်သတင်းယူ စုံစမ်းလိုသည့် မီဒီယာများနှင့် လူ့အခွင့်ရေးဆိုင်ရာ အဖွဲ့အစည်းများ အား အဆိုပါ နေရာသို့ သွားရောက်စုံစမ်းသတင်းရယူလိုပါက အာရက္ခတပ်တော်-AA မှ လုံခြုံရေး စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်-AA အနေဖြင့် ပြည်သူလူထုနှင့် လူ့ အခွင့်ရေးဆိုင်ရာအဖွဲ့အစည်းများအား သက်သေများနှင့်တကွ ရှင်းလင်းချပြထားပြီးဖြစ်သဖြင့် (BROUK) အမည်ခံ ပြည်ပအဖွဲ့အစည်းတစ်ခုမှ အာရက္ခတပ်တော်-AA ခေါင်းဆောင်များအား အာဂျင် တီးနား တရားရုံးထံ ဖမ်းဝရမ်းထုတ်ပေးရေး တင်ပြမှုအပေါ် ပြင်းထန်စွာရှုတ်ချပါကြောင်းနှင့် အာရ က္ခတပ်တော်-AA နှင့်အတူ ထောက်ခံရပ်တည်ပါကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) Kim Aris နှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံပြီး ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာစေ ရန် ကြိုုးပမ်းကြမည်ဟု သဘောတူညီခဲ့ကြောင်း သိရသည်။ မကြာသေးခင်ကာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏...