သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၆
ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ အတုံးအရုန်းသေဆုံးကာ ကျောပိုးအိတ်များကိုပင်ပစ်ထားခဲ့ပြီး ထွက်ပြေး နေကြောင်း အရက္ခတပ်တော် – AA က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၄ ရက် မွန်းတည့် ၁၂ နာရီ ၂၁ မိနစ်က ငဖဲမြိုနယ်၊ စွန်တက်ကျေးရွာ၏ အရှေ့ မြောက်ဖက် မီတာ (၂၈၀၀) ခန့်အကွာအဝေးတွင် ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်ကောင်စီ၏ စကခ ၁၇ လက်အောက်ခံ ခမရ (၅၇၄) နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ-ဆလအခွဲ (၉၄၄) မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၂ နာရီ ကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အလောင်းများ၊ လက်နက် ခဲယမ်း၊ စစ်အသုံး အဆောင် ပစ္စည်းများ၊ ကျောပိုးအိတ်အများအပြားကိုထားခဲ့ပြီး အကြမ်းဖက်စစ်သားများ တပ်ဆုတ်ပြေးသွား ကြောင်း သိရသည်။
ထို့အပြင် ပဲခူး -ရခိုင်နယ်စပ်နေရာအချို့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ် စကခ ၁၇ အပြင် စကခ ၁၄ မှ တပ်ရင်းများက စစ်မှုမထမ်းမနေရ ဥပဒေဖြင့် အတင်းအဓမ္မ ပုံစံအမျိုးမျိုးဖြင့် စုဆောင်း ထား သော ရဲဘော်သစ်များဖြင့် စုဖွဲ့၍ အင်အား ၁၅၀၀ ခန့်ဖြင့် တရစပ်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ သောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီက မကွေးတိုင်းအတွင်း၌ စစ်ဆင်ရေးလုပ်နေခဲ့သော တပ်မ (၉၉) တပ်ရင်း၊ တပ်ဖွဲ့ဝင်များနေရာ၌ တပ်အပြောင်းအလဲလုပ်သောအားဖြင့် တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉) မှာ မိခင် တပ်ရင်းသို တပ်နားရန်ရောက်ရှိနေသည်ကို အမ်း-ပဒါန်း စစ်ဆင်ရေးတွင် အောင် မြင်မှုရခဲ့ သည့်သဖွယ် ရှေ့တန်းပြန်အခမ်းအနားများဖြင့် ပြုလုပ်နေသည်မှာ ၎င်းတို၏ စစ်မြေပြင် အရှုံးကို ဖုံးကွယ်ရန်ကြိုးစားခြင်းသာဖြစ်ကြောင်း အာရက္ခတပ်တော် -AA က ပြောဆိုထားသည်။
အဆိုပါ အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်၊ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲမှ အသက် (၄၆) နှစ် အရွယ်ရှိ ပြန်တမ်းဝင်အမှတ်၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီနည်း ဗျူဟာမှူးအား မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲများတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်၊ ည (၈) နာရီခန့် တွင် ၎င်းနှင့်အတူ ၎င်း၏ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးတိုအား အာရက္ခတပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့ ကြောင်း အသိပေးထားသည်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ၊ဆင်လမ်ကျေးရွာအနောက်ဘက် (၂) ကီလိုမီတာ နှင့် (၁.၇) ကီလို မီတာ အကွာအဝေးနေရာများ၌လည်းကောင်း၊ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေး ရွာ၏ အရှေ့ မြောက်ဘက် (၂.၅) ကီလိုမီတာအကွာအဝေး တောင်ကြော၌ လည်းကောင်း၊ ဧရာဝတီ တိုင်း-ရက္ခိုင်အစပ် စက်စက်ယိုရွာ ပတ်ဝန်းကျင်၌လည်းကောင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌လည်းကောင်း စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသောနေရာများကို ပြန်လည်ရရှိရန် အားထုတ် ကြိုးပမ်းနေသကဲ့သို့ အာရက္ခ ဒေသအတွင်း၌ ဝန်းရံပိတ်ဆို့ထားသော စစ်တွေ နှင့် ကျောက်ဖြူမြို့ရှိ လက်ကျန်စခန်းများ ထပ်မံ မကျစေရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်နေသော် လည်း အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံစိတ်ဓာတ်၊ စုစည်းညီညွတ် သောခုခံစစ်၊ တန် ပြန် ထိုးစစ်အောက်တွင် အထိအခိုက်အကျအဆုံး များစွာဖြင့်သာ ဆက်လက် ကြုံတွေ့ရလျက်ရှိ ကြောင်း အသိပေးထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ စတင်ခဲ့သော အာရက္ခတပ်တော်၏ တိုက်ပွဲတိုင်းသည် အာရက္ခ ပြည်သူတစ်ရပ်လုံး မျှော်မှန်းထားသော ရည်မှန်းချက်များဖြစ်ပြီး ရည်မှန်းချက်များ အလုံးစုံအကောင် အထည်ဖော်တိုက်ပွဲများသည် ယခုဆိုလျှင် နှစ်နှစ်နီးပါးသိုတိုင် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ အနည်း ကျန်ရှိနေသော ရည်မှန်းချက်များကို အာရက္ခပြည်သူ လူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲ၍ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှမ်းမြောက်ဒေသအတွင်းမှ ၎င်းတို့၏ လက်လွှတ်ဆုံးရှုံးလိုက် ရသော တပ်စခန်းများ ပြန်လည်ရရှိရန်ရည်ရွယ်ထားသည့် တန်ပြန်ထိုးစစ်များနှင့်အတူ မြန်မာနိုင်ငံ ၏ နေရာအချိုတွင် ၎င်းတို့သည် အသာစီးရ၊ အောင်ပွဲရနေသည်ဟု စိတ်ကြီး ဘဝင်မြင့်ပြီး ယုံကြည်မှု လွန်ကဲနေသော အနိုင်ရတပ်ဖွဲ့များနှင့်စုဖွဲ့ထားသည့် တပ်ရင်း၊ စစ်ကြောင်းများအား အာရက္ခတပ် တော်နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည့် စစ်မြေပြင်နေရာများသို ရွှေ့ပြောင်းကာ ထိုးစစ်ဆင် တိုက် ခိုက်လာကြောင်း၊ သို့သော်လည်း အာရက္ခတပ်တော်၏ ခုခံစစ် နှင့် တန်ပြန်ထိုးစစ်အောက်တွင် သတ္တိ၊ နည်းဗျူဟာ အရ မယှဉ်သာနိုင်သကဲ့သို မြေပြင်ထိုးစစ်တိုင်းတွင်လည်း အလူးအလဲခံရပြီး သေဆုံးစစ်သားအလောင်းများကို ချန်ထားခဲ့ကာ ခွေးပြေးဝက်ပြေး ထွက်ပြေးလျက်ရှိကြောင်း အာရက္ခတပ်တော် -AA က ပြောဆိုထားသည်။
ဖက်ဆစ်အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် နိုင်ငံအနှံအပြားမှ စိတ်ဓာတ်ပျက်ပြားကာ တိုက်ခိုက် လိုစိတ်မရှိဘဲ တပ်ပြေးလိုစိတ်သာထက်သန်နေကြသော ၎င်းတို့၏ လက်ကျန်တပ်ဖွဲ့ဝင်များနှင့် အတင်းအဓမ္မစုဆောင်းထားသော တပ်ဖွဲ့ဝင်အသစ်များအား စိတ်ဓာတ်မြှင့်တင်ရေးအတွက် ၎င်းတို့ ၏ အားသာချက်ဖြစ်သည့် လေကြောင်း ပစ်ကူ၊ ရေကြောင်းပစ်ကူ၊ နည်းပညာအတန်အသင့် အဆင့် မြင့်ဒရုန်းများနှင့် စစ်အင်အားအများအပြား စုပြုံသုံးကာ ၂၀၂၅ ခုနှစ်၊ မတ်လဆန်းစမှ အရှိန်မြှင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။
Thanlwin Myanmar Media