ကျောက်မဲမြို့နယ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဘုရားစေတီပုထိုးများပျက်စီး

ကျောက်မဲမြို့နယ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဘုရားစေတီပုထိုးများပျက်စီး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပန်သပြေ ကျေး ရွာနှင့် ပန်ကွမ်ကျေးရွာတို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုး သမီး ၁ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဘုရားစေတီပုထိုးများ ထိ ခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၄ ရက် မွန်းတည့် ၁၂ နာရီ ၂၂ မိနစ်က ကျောက်မဲမြို့နယ်၊ ပန်းသပြေကျေး ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ရော့ကတ်ဗုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ မျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံး၊ စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

ထို့အပြင် နံနက် ၁၀ နာရီ ၃၀ မိနစ်ကလည်း ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာကို အကြမ်းဖက် စစ် ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဘုရားစေတီ ပုထိုးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သီပေါမြိုနယ်၊ ဘော်ကြို ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက် ခဲ့ရာ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ပြည်သူလူထုကို ပစ်မှတ်ထားကာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှား နိုင် ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာ ကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလဲမြို့နယ်နှင့် မြောင်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည် သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီး

ပုလဲမြို့နယ်နှင့် မြောင်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည် သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၅ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် မြောင်မြို့နယ်တို့တွင်အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး မီး လောင်ပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၄ ရက် မွန်းလွဲ...