ထားဝယ်မြို့သို့ ရေကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်မှု စက်လှေ နစ်မြှုပ်သွားပြီး စစ်လှေပေါ်ပါ စစ်သား၊ပျူ စစ်သား ၅၀ ကျော်သေဆုံး

ထားဝယ်မြို့သို့ ရေကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်မှု စက်လှေ နစ်မြှုပ်သွားပြီး စစ်လှေပေါ်ပါ စစ်သား၊ပျူ စစ်သား ၅၀ ကျော်သေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ ရေကြောင်းအတိုင်း ဆန်တက်လာသော စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်ခဲ့ရာ စက်လှေနစ်မြှုပ်သွားပြီးစက်လှေပေါ်ပါ စစ်သား ၅၀ ကျော်သေဆုံးခဲ့ကြောင်း Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက် မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်က လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ မှ ထားဝယ်မြစ်ကြောင်းအတိုင်း ထားဝယ်မြို့သို့ ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စက်လှေငယ် တစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ RPG ၊ လက်နက်ငယ်များဖြင့် ကြားဖြတ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း စက်လှေမှာ နေရာမှာပင် ထိမှန်ပျက်စီး၍ နစ်မြှုပ်သွားခဲ့ပြီး စက်လှေပေါ်ပါ စစ်သား၊ ပျူ ၅၀ ကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Special Guerrilla Force အထူးပြောက်ကျားတပ်ဖွဲ့ နှင့် ပင်လယ်ကြယ် တပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံပေးပို့နေသူ ပျူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံပေးပို့နေသူ ပျူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၅ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ် ထံပေးပို့နေသူ ပျူမျိုးမင်းသူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြော်ငး သာယာဝတီခရိုင်တပ် ရင်း ၃၈၀၂ ထံမှ သိရသည်။ ဩဂုတ်လ ၂၇ ရက် နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့နယ်၊...