ပွင့်ဖြူမြို့နယ်၊ ညောင်ကိုင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၁ ဦးသေဆုံး (ရုပ်သံ)

ပွင့်ဖြူမြို့နယ်၊ ညောင်ကိုင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၁ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၅

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကုန်းရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန် သည်။

စက်တင်ဘာလ ၄ ရက်နေ့က ပွင့်ဖြူမြိုနယ် ၊ မဲဇလီကုန်းရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၂၅၃ / ၂၅၄/ ၂၅၅ တပ်များမှ စစ်သားများ၊ ဝါတပ်မှ စစ်သားများ၊ မဲစလီကုန်း ရဲစခန်းမှ ရဲ၊ စစ်သားများ၊ ကျောင်ကုန်းကြီးရွာမှ ပျူစောထီး၊ ရွာခိုင်ရွာမှ ပျူစောထီးများ၊ ကုန်းဇောင်း ရွာမှ ပျူစောထီးများ ပူးပေါင်း အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ညောင်ကိုင်းကျေးရွာ အနောက်မြောက်ဘက် မြေနီ ကုန်းတောကျောင်းအနီးအရောက် ပစ် ခတ်တိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီးစစ်သား၊ ပျူစောထီး ၂၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရဿည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ထပ်မံ၍ အင်အားအများအပြားဖြည့်တင်းကာ ရှေ့ဆက် ရန် ပြင်ဆင်လျှက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘက်မှလည်း အသင့်နေရာယူထားကာ ပြန် လည်တိုက်ခိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ မင်းဘူးခရိုင်တပ်ရင်း ၄ ၊ မြိုင်/ပေါက် ပကဖ စုဖွဲ့မှု နှင့် မြိုင်/ ပေါက် Drone Team တပ် ၊ ပခုက္ကူ ပကဖ နှင့် ပွင့်ဖြူမြို့နယ် ပလဖ တို့ နယ်မြေမခွဲခြားပဲ ညီညီ ညွှတ်ညွှတ်ဖြင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပထုံငံရွာ တို့ဘက်သို့...