ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ PDF စိုးမိုးနယ်မြေထဲသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၈ ဦးထက်မနည်းသေဆုံး

ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ PDF စိုးမိုးနယ်မြေထဲသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၈ ဦးထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၃

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ PDF စိုးမိုးနယ်မြေထဲသို့ ဝင်ရောက်လာ သော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၈ ဦး ထက် မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ သတင်း နှင့် ပြန်ကြားရေးဌာနထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့က ကျောက်ကြီးမြို့အခြေစိုက်၊ ခလရ ၆၀ တပ်ရင်းမှ စစ်သား များနှင့် ပျူစောထီးများ ပူးပေါင်း အင်အား ၁၀၀ ကျော်ဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသ၊ PDF တပ်ဖွဲ့များ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ ကိုင်ဆောင်အသုံးပြုသော လက်နက်ငယ် ၇ လက်၊ RPG ၁ လက် နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက် စစ်တပ် က ကျောက်ကြီးမြို့သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

“ရန်သူ့တပ်တွေကတော့ ကျောက်ကြီးက တပ်တွေပေါ့၊ ခလရ ၆၀ နဲ့ ပျူစောထီးတွေပါတယ်။ အင် အားကတော့ ၁၀၀ ကျော်တယ်။ သူတို့ပြန်ဆုတ်ခွာသွားတာကလည်း ကျောက်ကြီးဘက်ပါပဲ၊ ကျ နော်တို့ စိုးမိုးနယ်မြေကလည်း ကျောက်ကြီးမြို့နယ်အတွင်းမှာဖြစ်ပါတယ်။ သေဆုံးစစ်သား အ လောင်းတွေရရှိပြီးတော့ အတည်ပြုလို့ ရတာပဲ ထုတ်ပြန်တာပါ၊ အနည်းဆုံး ၈ ဦးရှိပြီးတော့ ဗိုလ် ကြီး အဆင့် တစ်ဦးလည်းပါဝင် ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၂ စစ်ဆင် ရေးနယ်မြေ၊ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ စောဒိုရှင်းက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၄ ၊ နဂါးနီ တပ်ရင်း (P-29903) ၊ အမှတ် ၃၅၀၂ တပ်ရင်း နှင့် KNLA တပ်ရင်း ၈ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံပေးပို့နေသူ ပျူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံပေးပို့နေသူ ပျူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၅ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ် ထံပေးပို့နေသူ ပျူမျိုးမင်းသူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြော်ငး သာယာဝတီခရိုင်တပ် ရင်း ၃၈၀၂ ထံမှ သိရသည်။ ဩဂုတ်လ ၂၇ ရက် နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့နယ်၊...