အကြမ်းဖက်စစ်ကော်မရှင်အဖွဲ့ဝင်အားလုံး ဒဏ်ခတ်ပိတ်ဆို့မှုခံထားရပြီး SSPC အဖွဲ့အား ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိသည်က စိုးရိမ်ဖွယ်ရာ ကယ်ပေါက်ဖြစ်နေ

အကြမ်းဖက်စစ်ကော်မရှင်အဖွဲ့ဝင်အားလုံး ဒဏ်ခတ်ပိတ်ဆို့မှုခံထားရပြီး SSPC အဖွဲ့အား ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိသည်က စိုးရိမ်ဖွယ်ရာ ကယ်ပေါက်ဖြစ်နေ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကော်မရှင် (နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကော်မရှင် (SSPC)” အဖွဲ့ဝင်အားလုံး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရပြီး SSPC အဖွဲ့အား ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိသည်က စိုးရိမ်ဖွယ်ရာ ကယ်ပေါက်ဖြစ်နေကြောင်း JMF က ထုတ်ပြန်သည်။

တရားမဝင်မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု၏ အစိတ်အပိုင်း အဖြစ်လည်းကောင်း၊ ကျင်းပရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မှု အဖြစ်လည်းကောင်း ၎င်းတို့၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းဖြစ်သည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)” ကို “နိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင်​(SSPC)” ဟု ခေါင်းစီးပြောင်းလဲခဲ့ကြေင်း သိရသည်။

SSPC အဖွဲ့ဝင်အားလုံးသည် အနည်းဆုံးနိုင်ငံတစ်ခုခု၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရသော် လည်း SSPC အဖွဲ့အစည်းအား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိသည်က စိုးရိမ်ဖွယ်ရာ ကယ် ပေါက် တစ်ခုကို စစ်အုပ်စုအတွက် ဖန်တီးထားကြောင်း JFM က ထောက်ပြထားသည်။

SAC အဖွဲ့အား ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုကလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ယူကေနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် အီးယူကလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကနေဒါနိုင်ငံ က လည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း သိရသည်။

အစိုးများအနေဖြင့် တရားမဝင်စစ်အုပ်စုအား ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထား နိုင်ရေး၊ မိမိတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများအား ကျော်လွှားရှောင်ရှားနိုင်ခြင်း မရှိစေရေးတို့အတွက် SSPC အား ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ယခုအချိန်တွင် အမြန်ဆုံး ထည့်သွင်းရန် လိုအပ်ပါကြောင်း JFM က တောင်းဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တရုတ်သမ္မတရှီကျင့်ပင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့က အကြမ်းဖက်စစ်ခေါင်း ဆောင်မင်းအောင်လှိုင် ကျူးလွန်နေသည့် စစ်ရာဝတ်ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ကူညီပေးနေပြီး ၎င်းကို ရပ်တန့်ပစ်ရမည်

တရုတ်သမ္မတရှီကျင့်ပင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့က အကြမ်းဖက်စစ်ခေါင်း ဆောင်မင်းအောင်လှိုင် ကျူးလွန်နေသည့် စစ်ရာဝတ်ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ကူညီပေးနေပြီး ၎င်းကို ရပ်တန့်ပစ်ရမည်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ တရုတ်သမ္မတရှီကျင့်ပင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့က အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ကူညီပေးနေပြီး ထို့သို့ ကူညီပေး နေမှုကို ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း Justice For Myanmar – JFM က ထုတ်ပြန်သည်။ တရုတ်သမ္မတ...