ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းမှလာပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ စစ်ဘေးရှောင်တဲ ၄ လုံး ကိုမီးရှို့ခဲ့သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး အပြင်းအထန်ဒဏ်ရာရ

ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းမှလာပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ စစ်ဘေးရှောင်တဲ ၄ လုံး ကိုမီးရှို့ခဲ့သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး အပြင်းအထန်ဒဏ်ရာရ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းမှ ထွက်လာပြီး အပြစ်မဲ့ပြည်သူ လင်မယား ၂ ဦး ကိုသတ်ဖြတ်ကာ စစ်ဘေးရှောင်တဲ ၄ လုံးကို မီးရှိုခဲ့သည့်စစ်ကြောင်းအားတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရ သည်။

ယမန်နေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ကန့်ဘလူမြို့နယ်၊ချပ်သင်းအထိုင်စခန်းမှ စစ်သား၊ ပျူစောထီး အင်အား ၁၀၀ ခန့်ဖြင့် ပုဏ္ဏားကြီးရွာဘက်သို့ ထွက်လသော စစ်ကြောင်းသည် ဦးကင်းကြည်ရွာနှင့် နှောကုန်းရွာဘက်ကို Drone ဖြင့် ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပုဏ္ဏားကြီးရွာမှ စစ်ဘေးရှောင်နေသည့် အသက် ၄၅ နှစ်အရွယ် ကိုဇော်မျိုးလှိုင်နှင့် အ သက် ၄၄ နှစ်အရွယ် မမာမာသင်းတို့ လင်မယားနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ပါးစပ်၊ ဦးခေါင်းတို့ ကို ဓား ဖြင့် ခုတ်ဖြဲပစ်ခဲ့ကြောင်း၊ ထို့အပြင် စစ်ရှောင်တဲ ၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

ထိုသို့ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သည့် စစ်ကြောင်းကို နံနက် ၁၀ နာရီအချိန် ပုဏ္ဏားကြီးကျေးရွာ အရှေ့ဘက်အရောက် ကန့်ဘူလူခရိုင်တပ်ရင်း ၂ ရဲဘော်များနှင့် ဒေသကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦးကို နွားလှည်းပေါ်တင်၍ လည်းကောင်း၊ ကျန် ၂ ဦးကို ထမ်းစင်များဖြင့် ထမ်း၍လည်းကောင်း သယ်ဆောင်သွားကြောင်း သိရသည်။

“ချပ်သင်းအထိုင်ကထွက်လာတဲ့ ‌စခတွေက အင်အား ၁၀၀ လောက်ရှိတယ် ၃ ဖွဲ့လောက်ခွဲထွက်ခဲ့ တာ Drone နဲ့လည်း ဦးကင်းကြည်နဲ့ နှောကုန်းရွာတွေဘက် ဗုံးသီး ၄ လုံးချလို့ ‌ပြေးရတာ၊ စစချင်း စစ်ရှောင်တဲဘက်ဝင်တာ တဲတွေကို ဝိုက်ပစ်တာဆိုတော့ တဲနားရှိနေတဲ့ ကိုဇော်မျိုးလှိုင်တို့ လင်မ ယား နှစ်ယောက်လုံး သေတယ်။ သူတို့လင်မယားနှစ်ယောက်လုံးကိုလည်း ပါးစပ်တွေ ခေါင်းတွေ ဓားတွေနဲ့ဖြဲထားတာ ရက်ရက်စက်စက်ပါ။ ကြောက်စရာကောင်းမှကောင်း လူစိတ်တကယ်မရှိတဲ့ သူတွေ ၊စစ်ရှောင်ပြည်သူမှန်းသိသားနဲ့ကို ရက်ရက်စက်စက်သတ်ဖြတ်သွားတာ။ ပြီးတော့ တဲတွေ မီးရှို့ခဲ့တာ၊ အဲ့နောက်မှာ ပုဏ္ဏားကြီးရွာကျော်မှ ပကဖတွေ၊ PDF တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ကြတာ၊ ခွေးတွေ ဘက်က ၇ ယောက်လောက်ထိတယ်၊ အထမ်းတွေရော လှည်းနဲ့ရောတင်သွားတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲသည် ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အထိနာ၍ ရှေ့ဆက်မတိုးတော့ပဲ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ချပ်သင်းအထိုင်စခန်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ စခ ၇ ဦးက ဒဏ်ရာအပြင်းအထန်ရလို့ လှည်းနဲ့တော့ တိုက်ထုတ်သွားတယ်ပြောပါ တယ် သေမသေတော့ အတိအကျပြောမရပါဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...