ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရဲစခန်းမှ ဒုရဲအုပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရဲစခန်းမှ ဒုရဲအုပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရဲစခန်းမှ ဒုရဲအုပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ဒူရက စစ်ကြောင်းက ထုတ်ပြန်သည်။

ဩဂုတ် ၂၉ ရက်နေ့က ထားဝယ်မြို့နယ်၊ မေတ္တာ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကိုသန်းနိုင်ထွန်းသည် အကြမ်းဖက် စစ်တပ် လက်အောက်တွင် ဆက်လက် တာဝန် ထမ်းဆောင်လိုခြင်းမရှိတော့သဖြင့်  G-3 အမျိုးအစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု၊ ကျည် ၂၂၅ တောင့်နှင့်အတူ အလင်းဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သည့် ဒုရဲအုပ်ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) မှ နွေးထွေးစွာကြိုဆိုခဲ့ပြီး ဂုဏ်ပြုဆုကြေးငွေ ကျပ်သိန်း ၅၀ ပေးအပ်ကာ ၎င်းသွားလိုသည့် လွတ် မြောက်နယ်မြေသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည် လိုသော စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဒူရက စစ်ကြောင်းက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်နှင့် တန့်ဆည်မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PDF ရဲဘော် တစ်ဦး ကျဆုံး

ရွှေဘိုမြို့နယ်နှင့် တန့်ဆည်မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PDF ရဲဘော် တစ်ဦး ကျဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယနေ့‌ အောက်တိုဘာလ ၂၅ ရက် နံနက် ၉ နာရီ ၃၇ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၁၀...