မိုင်းလုံမြိုတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု  သီလရှင် ၁ ပါး နှင့် အမျိုး သမီး ၁ ဦးသေဆုံးပြီး သံဃာတော် ၂ ပါး၊ သာမဏေ ၃ ပါးနှင့် အမျိုးသား ၁ ဦးတို့ ထိမှန်ဒဏ်ရာရ

မိုင်းလုံမြိုတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု  သီလရှင် ၁ ပါး နှင့် အမျိုး သမီး ၁ ဦးသေဆုံးပြီး သံဃာတော် ၂ ပါး၊ သာမဏေ ၃ ပါးနှင့် အမျိုးသား ၁ ဦးတို့ ထိမှန်ဒဏ်ရာရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၁ နယ်မြေ၊ မိုင်းလုံမြို့နယ်ကို အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ သီလရှင် ၁ ပါး၊ အမျိုးသမီး ၁ ဦးတို့ သေဆုံး ခဲ့ပြီး သံဃာတော် ၂ ပါး၊ သာမဏေ ၃ ပါးနှင့် အမျိုးသား ၁ ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက် ည ၁၀ နာရီ ၃၀ မိနစ်က မိုင်းလုံမြို့နယ် ၊ ပန်သပြေကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ သီလရှင် ၁ ပါး၊ အမျိုး သမီး ၁ ဦးတို့ သေဆုံးခဲ့ ပြီး သံဃာတော် ၂ ပါး၊ သာမဏေ ၃ ပါးနှင့် အမျိုးသား ၁ ဦးတို့ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၄ လုံး ၊ ကျောင်းဆောင် ၅ ဆောင်နှင့် ဓမ္မာရုံ ၁ ရုံတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာကျေးရွာများ၊ ဘုန်ကြီးကျောင်းများ၊ ဘာသာ ရေးအဆောက်အအုံများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်လျက်ရှိသောကြောင့် မိဘ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေး ၁ ဦးအပါ အဝင်ပြည်သူ ၂ ဦး ဒဏ်ရာရ

မိုင်းလုံမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေး ၁ ဦးအပါ အဝင်ပြည်သူ ၂ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်အစောပိုင်း ၁...