ဖားကန့်မြို့၊ မရှီကတောင်ရပ်ကွက်တွင် လူငယ် ၁၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဖားကန့်မြို့၊ မရှီကတောင်ရပ်ကွက်တွင် လူငယ် ၁၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ကျောက်စိမ်းတောင်တံတားထိပ်တွင် လူငယ် ၁၅ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရ သည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက် ညပိုင်းက ဖားကန့်မြို့၊ မရှီကထောင်ဘက်ခြမ်း၊ ကျောက်စိမ်းတောင်တံ တားထိပ်တွင် လူငယ် ၁၅ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ကားဖြင့် ရုတ်တရက်ရောက်လာ ကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် မည်သည့် နေရာသို့ ဖမ်းဆီးသွားသည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“ညကဖမ်းသွားတဲ့ လူငယ်တွေရဲ့နောက်ဆက်တွဲ အခြေအနေတော့ မသိရသေးဘူး။ စကမ တပ်သား တွေက မထင်ရင်မထင်သလို စစ်တယ်။ ဖမ်းတယ်။ တိုက်ပွဲကြီးကြီးမားမားဖြစ်တာတော့ မရှိဘူး။ မနေ့ည ကတော့ တစ်ချက်နှစ်ချက်လောက်ပစ်ခတ်သံတွေကြားတယ်၊ ဒီနေ့မနက်တော့ မကြားမိ သေးဘူး။” ဟု ဒေသ သတင်းရင်းမြစ်က ပြောကြားသည်။

ဖားကန်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်က အင်အား အပြည့်ချထားပြီး အမှိုက်ပုံဘက်မှ ဆင်းလာ သည့် လမ်းပေါ်တွင်‌ မောင်းတံဂိတ်ချထားကာ စစ်ဆေးလျက်ရှိကြောင်း၊ အလားတူ ပန်းတင် တံတား နေရာ၌ လည်း စစ်ဆေးလျက်ရှိကြောင်း၊ ထိုသို့ စစ်ဆေးမှုများအတွင်း ဖမ်းဆီးခံရသူများလည်းရှိ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဖားကန့်မြို့ပေါ်ရပ်ကွက် ၅ ခုကို အခြေပြုကာ ရွေးကောက်ပြုလုပ် နိုင်ရန် စီစဉ်လျက်ရှိပြီး ပြည်သူများကိုလည်း ဖမ်းဆီး၊ သတ်ဖြတ်မှုများလည်းရှိနေသောကြောင့် မိဘပြည်သူများအနေဖြင့် အထူးဂရိုစိုက်သွားလာနေထိုင်ကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ ကော်ပေါင်ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး သံဃာတော် ၅ ပါးနှင့် ကလေးငယ်အပါ အဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

မိုင်းလုံမြို့နယ်၊ ကော်ပေါင်ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး သံဃာတော် ၅ ပါးနှင့် ကလေးငယ်အပါ အဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်၊ ကော်ပေါင်းကျေးရွာကို ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူပြီး သံဃာ ၅ ပါးနှင့်ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ...