Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်အစပ် ပွိုင့် ၁၀၂၀ စခန်းကုန်းသို့ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက် ခိုက်မှု စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

မေလ ၉

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်အစပ်ရှိ ပွိုင့် ၁၀၂၀ တောင်ကုန်းကို စစ်ကူ ပေးရန်လာရောက်သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Black Cobra Column ထံမှ သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ပွိုင့် ၁၀၂၀ တောင်ကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ ၊ အမှတ် ၁၁ တပ်ရင်းလက်အောက်ခံ Black Cobra ပူးပေါင်းစစ်ကြောင်းမှ ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ယင်းတောင်ကုန်းအား စစ်ကူ ပေးရန်လာရောက်သည့် အကြမ်းဖက်စစ်သား၊ ပျူစောထီးပူးပေါင်းအဖွဲ့ကို မေလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ လိုက်လံတိုက်ခိုက်မှုကြောင့် စစ်ကူလာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ တပ်ပျက် ကာ ကစင့်ကလျား ထွက်ပြေးသွား ခြင်းဖြစ်ပြီး စစ်ကောင်စီအရာရှိများအပါအဝင် အများအပြား ပျောက်ဆုံး လျက်ရှိကြောင်း၊ ဒဏ်ရာရ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁ဝ ဦးကျော်ကိုလည်း မင်းကြီးကြိုက် အမည်တပ်ထားသော ခရီးသည်တင် လှေဖြင့် တောင်ငယ်ကျေးရွာမှတဆင့် ဘုတ်ပြင်းမြို့သို့ ပို့ဆောင်လိုက်ကြောင်း သိရ သည်။

 

ဧပြီလ ၃၀ ရက်နေ့မှ စတင်၍ မေလ ၆ ရက်နေ့အထိ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ် အလောင်း များနှင့်အတူ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ပြီး လတ်တလော တွင် ထုတ်ပြ၊ ဖော်ပြရန် မသင့်တော်သည့် ဆက်စပ်စ္စည်းများကိုလည်း သိမ်းဆည်းရရှိထားကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ မြိတ် အခြေစိုက် လေတပ်စခန်းမှ K8W ဂျက်လေယာဉ် နှင့် Mi 2 ရဟတ်ယာဉ် များအသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သော အေးသာယာ ကျေးရွာ၊ ရွာသာယာကျေးရွာ နှင့် မနိုးရုံးကျေးရွာများ အတွင်းသို့ မေလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

ထိုကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြပါရန်နှင့် စစ်ရေးပြင်း ထန် နေသော ဒေသများအတွင်း ဖြတ်သန်းခရီးသွားလာခြင်းကို ခေတ္တသည်းခံပေးကြပါရန် Black Cobra Column က မေတ္တာ ရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သောကြောင့် အသိအမှတ် မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် NLD ပါတီက ယနေ့ ထုတ်ပြန်လိုက်သည်။ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ...