တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး၊ အရာရှိနေအိမ်နှင့်လူပျိုဆောင်ဘားတိုက်မီးလောင် ပျက်စီး (ရုပ်သံ)

တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး၊ အရာရှိနေအိမ်နှင့်လူပျိုဆောင်ဘားတိုက်မီးလောင် ပျက်စီး (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၈

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် -တပခ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar – BWM က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၆ ရက် နံနက် ၁၀ နာရီ ၅၃ မိနစ်က တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ် ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် -တပခကို ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့ တိုက်ဒုံး ၄ လုံးကို အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်အရာရှိ ၂ ဦးနှင့် အခြားအဆင့်စစ်သည် ၄ ဦး ပွဲချင်းပြီးသေဆုံးကာ အခြားအဆင့်စစ်သည် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အရာရှိ နေအိမ် ၁ လုံးနှင့် လူပျိုဆောင်ဘားတိုက် တစ်ခြမ်းမီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF) နှင့် Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့ ပူးပေါင်း ကာ BWM ၏ Mission 45 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ရှမ်းတောင်ရှိ တော်လှန်ရေး အင်အားစုများကို နည်းမျိုးစုံဖြင့် နှိမ်နင်းနေသော စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်ပြီး အကြမ်းဖက် စစ် ကောင်စီ အနေဖြင့် စစ်တိုင်းဌာနချုပ်ကိုပင် ကာကွယ်နိုင်စွမ်းမရှိသည့် အချက်ကို ပေါ်လွင်စေ ရန် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

BWM နှင့် မဟာမိတ်တို့၏ မစ်ရှင်များကိအောင်မြင်စေရန် အဖက်ဖက်မှ ပူးပေါင်းပါဝင်အားဖြည့်ကြ သော နယ်မြေခံတော်လှန်ရေးအဖွဲ့အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် စုပေါင်းအားဖြင့် စစ်ကောင်စီ၏ အရှိုက်ထိမည့် မစ်ရှင်များကို ဆက်လက်ကြိုးစားဖော်ဆောင်သွားမည်ဖြစ်ကြောင်း BWM က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပြည်သူလူထုအပေါ် ဆက်ဆံရာတွင်အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့သည့်PDF ရဲဘော်များ အားလုံးကိုအရေးယူမည် (ရုပ်သံ)

ပြည်သူလူထုအပေါ် ဆက်ဆံရာတွင်အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့သည့်PDF ရဲဘော်များ အားလုံးကိုအရေးယူမည် (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ပြည်သူလူထုအပေါ် ဆက်ဆံရာ၌ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းသွားခဲ့သည့် တာဝန်ရဲဘော်များကို သတိပေးအယူမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကာ်မတီ ထံက သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်က စဉ့်ကူးမြို့နယ်အတွင်းရှိ...