မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီး နှုတ်ထွက်ထားသူ စစ်မှုထမ်း တပ်သား အပါအဝင် ၂ ဦးအလင်းဝင်ခဲ့ကြောင်း Northwest Plains Revolutionary Forces – NPRF ထံမှ သိရသည်။

ဩဂုတ်လ လဆန်းပိုင်းမှ စ၍ မုံရွာမြို့နယ် ၊ ကျောက္ကာကျေးရွာ ဘက်သို့ ဝင်ရောက် လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ နှစ် ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သားကျော်ဦး နှင့် ရဲဘော် သီဟတို့သည် MA1 အမျိုးအစားသေနတ် ၁ လက်နှင့် ဗုံးသီး အချို့ ယူ ဆောင်ကာ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထို့သို့ အလင်းဝင်ရောက်ခဲ့သူများအနက် တသ ကျော်ဦးမှာ သာမန် ပြည်သူ ဘဝမှ စစ်မှုထမ်း စု ဆောင်းခံရသူဖြစ်ကြောင်း၊ တသ သီဟ မှာမူ ယခင် ၂၀၁၁ ခန့်ကတည်းက ထောင်ကျခံကာ တပ်မှ ထွက်ခဲ့ပြီး အေးဆေးစွာဖြင့် မိမိလုပ်ငန်းကို လုပ်ကိုင်ကာ မိသားစုကို လုပ်ကိုင်ကြွေးမွေးနေသူဖြစ် ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သား အများအပြားကို ထည့် သွင်းအသုံးပြုခဲ့ပြီး ယင်းလူငယ်များသည် အကြမ်းဖက်စစ်တပ်၏ မတရားမှု၊ ဖိနှိပ်မှုများကို ဆန့်ကျင် ကာ အခွင့်အရေးရသည်နှင့်တပြိုင်နက် လိုက်လံပစ်ခတ်နေသည့်ကြားက ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များထံ ပူးပေါင်းလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် စစ်မှုထမ်းဟောင်း တပ်မတော်သား တစ်ဦးဖြစ်နေသည်ကိုပင် ဂရုမစိုက်ပဲ အတင်းအဓမ္မ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်း မတရားစေခိုင်းခံရသော လူငယ် များအနေဖြင့် အခွင့်ရေးရပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တပ်ဖွဲ့များထံသို့ အမြန်ဆုံး လာရောက်ပူးပေါင်းပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၌ အလှူပွဲပြုလုပ်ရန် စီစဉ်နေသည့်နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက် တာ ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၈ လုံးပျက်စီး

မြောက်ဦးမြို့၌ အလှူပွဲပြုလုပ်ရန် စီစဉ်နေသည့်နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက် တာ ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၈ လုံးပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ အလှူပွဲပြုလုပ်ရန် စီစဉ်နေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံးပျက်စီးခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ...