မြောက်ဦးမြို့၌ အလှူပွဲပြုလုပ်ရန် စီစဉ်နေသည့်နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက် တာ ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၈ လုံးပျက်စီး

မြောက်ဦးမြို့၌ အလှူပွဲပြုလုပ်ရန် စီစဉ်နေသည့်နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက် တာ ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၈ လုံးပျက်စီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ အလှူပွဲပြုလုပ်ရန် စီစဉ်နေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံးပျက်စီးခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၅ ရက် ည ၁၁ နာရီ ၂၅ မိနစ်က မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်း၌ အလှူလုပ်ရန် ပြင်ဆင်နေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၅ ဦးအပါအဝင် အပြစ်မဲ့အရပ်သား ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် ၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုသည် ညအချိန် လူအများ အိပ်မောကျနေသည်ကို အခွင့်ကောင်းယူကာ အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများပြားစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အာရက္ခတပ်တော် -AA က ပြောဆိုထားသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက် နှင့် ၁၅ ရက်ကလည်း ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား အကြမ်းဖက် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ ၈ ဦးသေဆုံး ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင်မေလ ၁၃ ရက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ပြည် သူ ၁၂ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိကာ နေအိမ် ၃၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာအနီးတစ်ဝိုက်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အာရက္ခတပ်တော်မှ ထိန်းသိမ်း ထားသော စစ်ကောင်စီ၏ စစ်သုံပန်းမိသားစုဝင် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေ ဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၈ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အား ဖက် ဆစ် အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၆ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိကာ  လူနေအိမ် ၃၉၈ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် နိုင်ငံတဝန်း၌ စစ်ဘက်နှင့်မသက်ဆိုင်သည့် စာသင် ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ် ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သော မြို့ရွာ ရပ်ကွက်  နေရာများရှိ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထားကာ တိုက်ခိုက်၍ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိ ကြောင်း သိရသည်။

အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုးသွားခဲ့ရသော မိဘပြည်သူလူထုများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါကြောင်း၊ အပြစ်မဲ့အရပ်သား အာရက္ခပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ နေ့စဉ် ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန် နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပါကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်ထားသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်မှုများကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲအစည်းများထံသို့ ပေးပိုသွားမည်ဖြစ်သည့်အပြင် ULA/AA အနေဖြင့်လည်း လုပ်သင့်လုပ်ထိုက်သည်များအား ဆက် လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီး နှုတ်ထွက်ထားသူ စစ်မှုထမ်း တပ်သား အပါအဝင် ၂ ဦးအလင်းဝင်ခဲ့ကြောင်း Northwest Plains Revolutionary Forces – NPRF ထံမှ သိရသည်။ ဩဂုတ်လ လဆန်းပိုင်းမှ စ၍ မုံရွာမြို့နယ်...