နွားထိုးကြီးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး သေနတ် ၃ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ စတားလင့် ၁ လုံး အပါအဝင် ခဲယမ်းနှင့်စစ်သုံး ပစ္စည်း များ သိမ်းဆည်းရရှိ

နွားထိုးကြီးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး သေနတ် ၃ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ စတားလင့် ၁ လုံး အပါအဝင် ခဲယမ်းနှင့်စစ်သုံး ပစ္စည်း များ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး သေနတ် ၃ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ စတားလင့် ၁ လုံး အပါအဝင် ခဲယမ်းနှင့်စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ် ရေး အဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။

ဩဂုတ်လဆန်းပိုင်းမှစ၍ မြင်းခြံမြို့မှ ထွက်လာပြီး နွားထိုးကြီးမြို့နယ်အနောက်ခြမ်းသို့ ဝင်ရောက် လာသော စစ်တပ်စစ်ကြောင်းကို ဩဂုတ်လ ၁၈ ရက်နေ့တွင် မန်လည်ကျေးရွာအရောက် တိုက်ခိုက် ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၈ ဦး ကျော်အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သားများထံမှ MA 11 ၂ လက်၊ ဒရုန်းပစ် လက် နက် ၁ လက်၊ ငါးကြင်းမြီးပြောင်း ၁ ချောင်း၊ လက်ပစ်ဗုံး ၃ လုံး၊ စတားလင့်ဂြိုလ်တု အင်တာ နက် ၁ လုံး၊​ငွေသားတချို့၊ ကျည်ဘောက် ၂ ခုနှင့် ကျည် တချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အထိနာပြီး ရက် ၂၀ ကြာစစ်ကြောင်းမှာ နွားထိုးကြီးမြို့နယ်အတွင်းမှ ပြန်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် အတူ မြင်းခြံခရိုင် တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ထိခိုက် သေဆုံးမှုများပြားပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၈ ရက်နေ့...