သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၆
အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ ရိုဟင်ဂျာအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး လူ့အခွင့်အရေး၊ တရားမျှတရေး ရရှိမည်ဖြစ်ကြောင်း NUG အစိုးရက ထုတ်ပြန်ပြောဆိုသည်။
ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျရောက်သော “ရိုဟင်ဂျာပြည်သူများ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ခံခဲ့ရမှု အဋ္ဌမမြောက်နှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောဆို ထားခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်စစ်အုပ်စုက ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ အ ကြမ်းဖက်ခဲ့ပြီး ကြီးလေးသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ အမျိုး သားညီ ညွတ်ရေးအစိုးရ အနေဖြင့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်းနှင့် ထိခိုက်ခဲ့ရသည့် ရို ဟင်ဂျာ ပြည်သူများနှင့်အတူ ထပ်တူခံစားရကြောင်း သဘောထားများ ထုတ်ပြန်ခဲ့ကာ တရားမျှတမှု အတွက် ရိုဟင်ဂျာပြည်သူများနှင့်အတူ တစိုက်မတ်မတ် မြဲမြံစွာ ရပ် တည်လျက် ရှိကြောင်း အသိပေး ထားသည်။
ရိုဟင်ဂျာပြည်သူများ အကြမ်းဖက်ခံရမှု (၈) နှစ်တိုင်ပြီး ဖြစ်သော်လည်း ထိုအကြမ်းဖက် ခံရမှုဖြစ်စဉ် အတွင်း တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် သိန်းချီသော ရိုဟင်ဂျာ ပြည်သူများ နေရပ်ပြန်နိုင်ခြင်း မရှိသေးသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေ ဖြင့် များ စွာ စိတ်မသက်မသာ ဖြစ်ရပါသည်ဟု ဆိုသည်။
အခြေအနေအရပ်ရပ်ကြောင့် ရိုဟင်ဂျာပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ ဆက် လက်တည် ရှိနေသေးသည့် အခြေအနေများအပေါ်ကိုလည်း စိုးရိမ်ပူပန်ရပြီး အမျိုးသားညီ ညွတ်ရေးအစိုးရသည် “ရိုဟင်ဂျာမူဝါဒ” တစ်ရပ်ကို ထုတ်ပြန်ထားပြီး ၎င်းမူဝါဒနှင့်အညီ ရပ်တည် ဆောင်ရွက်လျက် ရှိ ကြောင်း ထပ်မံအသိပေးထားသည်။
လက်ရှိမြန်မာနိုင်ငံသည် အကြမ်းဖက်စစ်အုပ်စုကို အဘက်ဘက်မှ ရင်ဆိုင်တော်လှန် တိုက်ပွဲ ဝင်နေ ရ သည့် ကာလဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ရိုဟင်ဂျာ အပါအဝင် ပြည်သူတရပ်လုံး လူ့အခွင့်အရေး၊ တရားမျှတရေး ရရှိမည် ဖြစ်ကြောင်း ထောက်ပြထားသည်။
ခေတ်အဆက်ဆက် အကြမ်းဖက်စစ်တပ်၏ ဖိစီးနှိပ်စက်မှုကို ရိုဟင်ဂျာ ပြည်သူများ အပါအဝင် လူ မျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရင်စည်းခံခဲ့ကြရသောကြောင့် အာဏာရှင်စနစ်၏ ဖိစီးနှိပ် စက်မှုဒဏ်မှ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် ပြည်သူ့နွေဦး တော်လှန်ရေးကို ဆင်နွှဲတိုက်ပွဲဝင် နေကြရသည့် ကာလဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း အပြည့်အဝစိုက်ထုတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် ရိုဟင်ဂျာလူထုနှင့်အတူတကွ စည်းလုံးညီညွတ်စွာ ရပ် တည်လျက်ရှိပါကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media