ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။

ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျရောက်သော ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်အုပ်စု၏ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ၈ နှစ်မြောက်နေ့အဖြစ် ထုတ်ပြန်ရာတွင် ထည့်သွင်းကာ တိုက်တွန်းထားခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်းများစွာသည် မြန်မာစစ်အုပ်စု၏ “နယ်မြေရှင်းလင်း စစ်ဆင်ရေး” အတွက် ပံ့ပိုးကူညီရန် ဒေါ်လာသန်းပေါင်းများစွာကို စစ်အုပ်စုထံ တိုက်ရိုက်လှူဒါန်းခဲ့ ကြောင်း၊ ယင်းကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က မှတ်တမ်းတင်ထားရှိခဲ့ပြီး ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် တောင်း ဆိုခဲ့ကြောင်း သိရသည်။

ခရိုနီကုမ္ပဏီများဖြစ်ကြသည့် KBZ နှင့် Max တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အင်အားသုံး ထွက်ပြေး တိမ်းရှောင်စေခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များအား နေအိမ်သို့ ပြန်လာနိုင်ခြင်းမရှိစေရန် နယ်စပ်ခြံ စည်းရိုး ဆောက်လုပ်ရေးအတွက် ငွေကြေးလှူဒါန်းမှုများစွာ ပေးအပ်ခြင်းဖြင့် အထူးအားပေးအား မြောက်ပြုသူများအဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။

KBZ နှင့် Max ကုမ္ပဏီတို့သည် “အခြားလူမဆန်သည့်ပြစ်မှုကြီးများ” တွင် ပါဝင်သည့် လူသားမျိုး နွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ကြီးကြီးမားမားတိုက်ရိုက်ပံ့ပိုးပေးခဲ့ ကြောင်း FFM က သုံးသပ်ခဲ့ပြီး ယင်းတို့အား တရားစွဲဆိုရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရ သည်။

ယခုအချိန်အထိ ယင်းကုမ္ပဏီများအား အပြစ်ပေးအရေးယူတာဝန်ခံစေခြင်း မရှိသည့်အပြင် အဆိုပါ ကျူးလွန်သူများပင် ကျူးလွန်လျက်ရှိသည့် လက်ရှိနိုင်ငံတကာရာဇဝတ်မှုများမှ အကျိုးအမြတ်များ ဆက်လက် ရရှိနေကြသည်ဟု ဆိုသည်။

တရားမျှတမှုသည် ၈ နှစ်ကြာ မျက်ကွယ်ပြုငြင်းပယ်ခံထားရပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခြင်း သည် ရာဇဝတ်မှုကြီးများ ကျူးလွန်သည့် စစ်အုပ်စုနှင့် ငွေကြေးထောက်ပံ့သည့် ခရိုနီများအား ပိုမိုရဲ တင်းစေခဲ့သည်သာ ဖြစ်ကြောင်း JFM က ထောက်ပြထားသည်။

ရိုဟင်ဂျာများသည် မြန်မာစစ်အုပ်စုနှင့် အာရက္ခတပ်တော်တို့၏ ဆိုးဆိုးရွားရွား နိုင်ငံတကာရာဇဝတ် မှု ကျူးလွန်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ပြီး ကြံရာပါကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား ရာဇဝတ် ကြောင်းအရ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ တရားစွဲဆိုရမည်ဖြစ်ကြောင်း၊ အိုင်စီစီအနေဖြင့် မင်း အောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရိုဟင်ဂျာများ အပေါ် အကာအကွယ်ပေးရေး၊ မြန်မာစစ်အုပ်စုနှင့် အာရက္ခတပ်တော်တို့မှ ကျူးလွန်သူအားလုံးအား အရေးယူအပြစ်ပေးနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို မတရားတိက်ပိတ်ခံရ

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို မတရားတိက်ပိတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၈ ဦး ကို မတရား တိုက်ပိတ် ပစ်ခံရ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် - PPNM က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၃ ရက် နေ့က ဒိုက်ဦးမြို့အကျဉ်းထောင်အတွင်းရှိ...