ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာ၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦးထက်မနည်းသေဆုံး၊ စစ် ကားတစ်စီးကို မီးရှို့ဖျက်ဆီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံး

ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာ၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦးထက်မနည်းသေဆုံး၊ စစ် ကားတစ်စီးကို မီးရှို့ဖျက်ဆီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာ၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦး ထက်မနည်းသေဆုံးကာ စစ်ကား ၁ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒူရက စစ်ကြောင်းမှ ထံမှ သိရသည်။

ဩဂုတ်လ ၂၁ ရက် နံနက် ၅ နာရီဝန်းကျင်မှစတင်ပြီး ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာ၌ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို တတိယ အကြိမ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက် ပွဲ ၁၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ လက် နက်တင်ကား တစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်သားများကိုင်ဆောင်အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါ ဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၅ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

“လက်ရှိ သင်္ကန်းတုန်းရွာမှာ ရှေ့ဆက်မတိုးပဲ ရှိနေသေးပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ အချိန်အတွင်း ထောက်လှမ်းရေးသုံး ဒရုန်းနဲ့ အရင် ကင်းထောက်ပြီးတော့ K8W အမျိုးအစား တိုက်လေယာဉ်နဲ့ ဗုံး သီး ၆ လုံးကျဲချခဲ့တာရှိပါတယ်” ဟု ဒူရက စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) ၊ဧဒင်မှူး၊ က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘီလုံး ပျောက်ကျားတပ်ဖွဲ့၊ ဒေါနတပ်ခွဲ ၇ နှင့် ထားဝယ် အရှေ့တောတပ်ဖွဲ့ (DEF) တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ဓဝယ်တပ်တော် (DNLA) မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးကာ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်းထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က အချိန်မရွေး လေကြောင်းအသုံးပြုကာ တိုက်ခိုက်မှုများ ရှိ နိုင်သောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံ ကြပါရန် ဆက်လက် တိုက်တွန်းထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီတပ်မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့် မင်းတက်တောင်ကြား၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုကို အာရက္ခတပ်တော် -AA က တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်မှုထမ်းတပ်သား ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။ ဩဂုတ်လ ၂၂ ရက်နေ့က ကျောက်ဖြူမြို့နယ်၊...