သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၄
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံးစရစ်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ညီညွတ်ရေး တပ်ဦး – PUF ထံမှ သိရသည်။
ယနေ့ ဩဂုတ် ၂၄ ရက် နံနက် ၃ နာရီအချိန်က ရွှေကျင်မြို့နယ်၊ ဒုံစရစ်ကျေးရွာ အခြေစိုက် အမှတ် ၅၈၉ ခြေမြန်တပ်ရင်း – ခမရ ၅၈၉ တပ်မှ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားသည့် စစ်ရေး ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် တပ်မှ အရာရှိအဆင့် ၁ ဦးနှင့် တပ်သား ၁ ဦးတို့ သေဆုံးခဲ့ပြီး မူးယစ်သေစာသောက်စားသုံးစွဲကာ အိပ်ပျော်နေသော စစ်သားအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် ဒုံးစရစ်ကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများကို အကြမ်းဖက် စစ်သားများက တင်းတင်းကြပ်ကြပ်စစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ညီညွတ်ရေးတပ်ဦး အမှတ် ၁၀၂ စစ်ဒေသဦးစီးကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် ပြည်သူ့ညီညွတ်ရေးတပ်ဦး အမှတ် ၈၁ တပ်ဖွဲ့နှင့်အတူ ဒေသခံ တော်လှန်ရေးအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
ယင်းဂိတ်ရှိ အကြမ်းဖက်စစ်သားများသည် ကျေးရွာချင်းဆက်လမ်းများအား ပိတ်ဆို့ခြင်း၊ လူသွား လမ်းလာ ပြည်သူများအား မတရားဖမ်းဆီး ငွေညှစ်ခြင်း၊ အတင်းအဓမ္မဆက်ကြေးကောက်ခံ ခြင်းများ ကို ၂၀၂၃ နှစ်လယ်ပိုင်းမှစ၍ ပြုလုပ်ခဲ့ကြောင်း၊ ယခုနှစ် အစောပိုင်းမှ စ၍ လူငယ်များအား အတင်း အကြပ် စစ်သား စုဆောင်းခြင်းများကိုလည်း ပြုလုပ်နေကြောင်း သိရသည်။
Thanlwin Myanmar Media