မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးသေဆုံးပြီး သံဃာတော်များအပါအဝင် ပြည် သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ် ၂၃ ရက် ညနေ ၃ နာရီ မိနစ် ၄၀ က တအာင်းပြည်၊ တပ်မဟာ ၁ နယ်မြေ၊ မိုင်းငေါ့ မြို့နယ်၊ ကွန်စလမ်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို ဦးတည်၍ အကြမ်းဖက် စစ်ကောင်စီတပ် က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး သီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး သေဆုံးပြီး သံ ဃာတော် ၂ ပါး ၊ သံမဏေ ၁ ပါး၊ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုအပြင် ဘုန်းကြီးကျောင်းအတွင်းရှိ ဘုရားခန်း ၁ ခန်း၊ ဆွမ်းစားဆောင် ၁ ဆောင်၊ ဇရပ် ၂ ခု၊ ကျေး ရွာဆေးပေးခန်း ၁ ခန်းနှင့် နေအိမ် ၁၂ လုံးတို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယခုလအတွင်း လေကြောင်းဖြင့် မိုးကုတ်မြို့တွင် (၄)ကြိမ်၊ ကျောက်မဲမြို့ နယ်တွင် (၂)ကြိမ်၊ သီပေါမြို့တွင် (၃)ကြိမ်  ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေး (၃)ဦး၊ သံဃာ တော် (၂)ပါး၊ အမျိုးသမီး (၁၇)ဦးနှင့် အမျိုးသား (၁၆)ဦးတို  သေးဆုံးခဲ့ရပြီး သံဃာတော် (၁)ပါး၊ အမျိုးသမီး (၁၁)ဦးနှင့် အမျိုးသား (၂၁)ဦးထိခိုက်ဒဏ်ရာရှိ ကာ နေအိမ် (၆၂)အိမ်၊ အဆောက်အဦး (၁)လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ကား (၄)စီး၊ ဆိုင်ကယ် (၃)စီးတိုလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာ နည်း လမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထားသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က နောင်ချိုမြို့နယ်၊...