မောင်နိုင်ထူး
ချစ်စန်းကို နဲ့ လှယမင်းနွယ်တို့ မေတ္တာမျှ သမီးရည်းစားဖြစ်နေကြတာကြာပါပြီ။
အမေဖြစ်သူ မသန်းတင်က သူ့ရဲ့ တစ်ဦးတည်းသောသားကို တစ်ရွာတည်းနေ တစ်ရေတည်းသောက်
လှယမင်းနွယ်နဲ့ သဘောမတူဘူးဖြစ်နေတယ်။
သူ့သားကို သူပေး စားချင်တာ ညောင်ပင်သာရွာက ဦးဖြူမောင်သမီး မေသဇင်နု နဲ့ပေးစားချင်တာပါ။
သူတို့ လူကြီးချင်းကလည်း သဘောတူထားကြသတဲ့ ။
ဒါပေမဲ့ “အချစ်သည် ကြောက်ဖို့ကောင်းသည် တကယ်ချစ်မိသွားလျှင် ဘာကိုမှ မမြင်တော့” ဆိုသလို ပင်မဟုတ်ပါလား။
ချစ်စန်းကိုကလည်း သူချစ်တဲ့ လှယမင်းနွယ်နဲ့ မှ မရရင် အိမ်မှာမနေပဲ အိမ်ပေါ်က ဆင်းသွားမယ်လို့ မိခင်ဖြစ်သူကို ခြိမ်းခြောက်ပါသည်။
ထို့ကြောင့် မသန်းတင် တစ်ယောက် တစ်မိပေါက်မှ တစ်ယောက်တည်းထွန်းခဲ့တဲ့ သားအလိုကို လိုက်၍ မိဘတို့ ဝတ္တရားရှိတဲ့ အတိုင်း မင်္ဂလာဧည့်ပွဲ ကျင့်ပပေးရလေတော့သတည်း။
လူရှုပ်ရှုပ် ကွမ်းထုပ်ဖြေဆိုသလို မသန်းတင်ကတော့ နှစ်ဖက်မိဘစုံအုပ်အပ်ခါနီး ရွာနီးခြောက်စပ်က ဆွေမျိုးသားချင်းတွေ ရှေ့မှာ –
“ငါ့သားရယ် ဒီမိန်းမနဲ့ အမေသဘောမတူ ပါဘူး ဆိုနင်ကလည်း”
“ပြည်တောင်းကြီးတစ်လုံးတစ်လုံး နို့ ကြီး လောက်မှ ကြိုက်ရသလား” လို့ အသံကုန်ချဲ့ ငိုသတဲ့ ။
အဲဒီလို ငိုတော့ ကျနော့်ဘကြီးဦးကျော်သန်းက –
“ဟဲ့ ! မသန်းတင် နင် ငိုတာက လွဲနေပြီဟဲ့ “နို့ကြီး တစ်လုံး တစ်လုံး ပြည်တောင်းလောက်” မဟုတ်ဘူးလား” လို့ စကားထောက်ပေးလိုက်ရာ
ကြားရသမျှ ဧည့်ပရိတ်တွေမှာ “တဟားဟား” နဲ့ ပွဲကျသွားလေသတည်း။
မောင်နိုင်ထူး
Thanlwin Myanmar Media