ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံး ၊

ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံး ၊

နယ်မြေရှင်းလင်းရေး လုပ် ဆောင်ရန် တာဝန်ပေးခံရသည့် ခလရ ၂၇၁ တပ်ရင်းမှူးလည်း တပ်ရင်း တစ်ခုလုံး အလင်းဝင်ရန် တိုင်ပင်စဉ် ထပ်မံဖမ်းဆီးခံရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၃

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ် ရင်းမှ တပ် ရင်း မှူးအပါအဝင် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပုသိမ်သတင်းအထူးအဖွဲ့ထံမှ သိရ သည်။

ဩဂုတ်လ ၁၉ ရက် ညပိုင်းက ရေကြည်မြို့နယ်၊ စက်စက်ယို‌ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဧရာဝတီတိုင်းတော်လှန်ရေး အင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခလရ-၂၇ တပ်ရင်းမှ တပ်ရင်းမှူး ၁ ဦး ၊ ဗိုလ်ကြီး ၁ ဦးနှင့် ပြည်သူ့စစ် ၄‌ ဦး စုစုပေါင်း ၆ ဦး သေဆုံးကာ စစ် ကြောင်းမှာလည်း နောက်ကြောင်းပြန်ဆုတ်သွားကြောင်း သိရသည်။

ထိုသို့ တပ်ရင်းမှူးနှင့်ဗိုလ်ကြီးကျသွားသောကြောင့် ဒုတိုင်းမှူးရဲလင်းအောင်မှ ဒေါသဖြစ်ကာ  စက် စက်ယိုကျေးရွာအနီးတဝိုက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် ခလရ-၂၇၁ တပ်ရင်းမှူးကို ရှေ့တန်းသို့ ပြန်စေလွှတ်ခဲ့ရာ ယင်းတပ်ရင်းမှူးက “ကျွန်တော်တပည့်တွေ အရမ်းပင်ပန်းနေပြီ” ဟု ပြန်ပြောမိရာမှစ၍ ဗျူဟာမှူး လွင်ထူးမောင်၊ ဇေယျာမောင်နှင့် စကားအခြေအတင်များခဲ့‌ကြောင်း သိရသည်။

အဆိုပါ ကိစ္စကြောင့် တပ်ရင်းမှူးမှာ ဖိအားများပြီး ခလရ-၂၇၁ တပ်ရင်းမှူး တစ်တပ်လုံး အလင်း ဝင်ရန် တိုင်ပင်နေသည့်အချိန် သတင်းပေါက်ကြားသွားသည့်အတွက် ခလရ ၂၇၁ တပ်ရင်းမှူးကို နတခ ဒုတိုင်းမှူး ရဲလင်းအောင်ကိုယ်တိုင် ဖမ်းဆီးကာ ရေကြည်မြို့နယ်အခြေစိုက် အမတ-၃၄၄ (ရေကြည်) တပ်တွင် ထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။

ယခုအခါ ခလရ-၂၇၁ ဒုတပ်ရင်းမှူးကျော်ဝင်းထွဋ်ကို တပ်ရင်းမှူးနေရာသို့ အစားထိုးလိုက်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်မှု ဂိတ်စောင့် ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရ

ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်မှု ဂိတ်စောင့် ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ရန်ကုန်မြို့​၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ပဲခူးမြစ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး အပြင်းအ ထန် ဒဏ်ရာရရှိခဲ့ကြောင်း Mother Son Yangon Force...