အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲမတိုင်မီ ဗုံးကြဲပစ်ခတ်သတ်သတ်ဖြတ်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲမတိုင်မီ ဗုံးကြဲပစ်ခတ်သတ်သတ်ဖြတ်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၃

အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲမတိုင်မီ ဗုံးကြဲပစ်ခတ်သတ်ဖြတ်မှုများ ပိုမိုတိုးမြှင့်လုပ် ဆောင်နေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဩဂုတ်လ ၂၁ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၉/၂၀၂၅) တွင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီက သြဂုတ်လ ၁၈ ရက်နေ့မှာ ရွေးကောက်ပွဲရက်ကို ကြေညာခဲ့ပြီး ရွေး ကောက်ပွဲ မတိုင်ခင် ကာလတွေမှာ သူတို့ဘက်က လုပ်နိုင်စွမ်းရှိသမျှ ပြည်သူကိုတိုးတိုးပြီး ဒုက္ခပေး လာဖွယ်ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ် ဧရိယာတွေမှာ သူတို့ ရွေးကောက်ပွဲ လုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင် သန်းက ပြောကြားသည်။

ထို့အပြင် အရပ်သားပြည်သူလူထုအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်များ ဆက်တိုက်လုပ် ဆောင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို စစ် ကြောင်းထိုးကာ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“နိုင်ငံရေးအရတော့ တော်လှန်ရေးအရှိန် မြှင့်လာလေလေ ရင်ဆိုင်စရာတွေက များလာလေလေဖြစ် မှာက သဘာဝဖြစ်ပါတယ်။ ဒါကို ဘက်ပေါင်းစုံက သေသေချာချာ စီမံ ဆောင်ရွက်ပြီး ရင်ဆိုင်ဖြေရှင်း ကြရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ အနေဖြင့် နိစ္စဓူဝ ဆောင်ရွက်နေကြသည့် ကိစ္စများအပြင် လုံခြုံရေးဆိုင်ရာ ကိစ္စများကိုလည်း အထူးဂရုစိုက်ရန်လိုပါကြောင်း နှင့် တော်လှန်ရေးအောင်မြင်ပြီးမြောက်နိုင်ရန်အတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍစုံ၌ လုံ့လစိုက်၊ အားထည့်၍ ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမည် ဖြစ် ကြောင်းနှင့် ပေါ်ပေါက်လာသည့် နိုင်ငံရေးအခြေအနေအားလုံးကိုလည်း စုစုစည်းစည်းဖြင့် ရင်ဆိုင်ကျော်ဖြတ်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက် တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ တော်လှန်ရေးအပေါ် ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည် အမှန်တ ကယ်အလုပ်လုပ်နေကြသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်သည်။ အမျိုးသားညီညွှတ်ရေးအစိုးရ- NUG နှင့် ပတ်သက်၍ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ အ...