ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၉ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာ အနီးသို့ ဝင်ရောက် လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၅၈၈၊ ခလရ ၁၀၆ ၊ အမတ ၃၁၇ တပ် ရင်း ၃ ရင်း ပေါင်း စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးကြောင်း သိရသည်။

ယင်းတိုက်ပွဲ ၂ ကြိမ်အတွင်း ပထမ အကြိမ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး သေ ဆုံးခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်တိုက်ပွဲတွင် ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲတွင် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ဝင် KNLA တပ်ရင်း ၂၇ တပ်ခွဲ ၁ မှ ရဲဘော်တစ်ဦး ဖက်ဒရယ်ဒီမိုကရေစီ စနစ် အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) နှင့် KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)တို့ ပူး‌ ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပြီး စစ်သား ၂၀ ဦး သေဆုံး

ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပြီး စစ်သား ၂၀ ဦး သေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီ စစ်သားမှ ၂၀ ဦး သေဆုံးခဲ့ကြောင်း KNU-Mutraw District က ထုတ်ပြန်သည်။ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖာပွန်ခရိုင်တွင်...