ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၁

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့်ကနီမြို့နယ်ကြားတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော စစ်သင်္ဘော အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောကို ထိမှန်ခဲ့ကြောင်း မဟူရာကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၉ ရက်နေ့က နံနက်ပိုင်းက ကလးဝမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာ သော စစ်သင်္ဘောအုပ်စုကို မင်းကင်းမြို့နယ် နှင့် ကနီမြို့နယ်ကြားအရောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ၁၀၇ မမ ရှေ့တိုက်ဒုံး ၂ လုံးအပါအဝင် ရော့ကတ်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“လက်ရှိက မုံရွာကိုမြို့ကို ရောက်သွားပါပြီ။ ကလေးဝကနေ မနက်ပိုင်းဆင်းလာခဲ့တာပါ။ စခတွေ သေဆုံးထိခိုက်မှုကတော့ မသိရသေးပါဘူး။ သင်္ဘောကတော့ မီးခိုးလုံးထွက်သွားတာတွေ့ရပါတယ်။ ၁၇ စီးမြောက် သင်္ဘောကို ၁၀၇ မမ ၂ လုံး၊ ရော့ကတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု မဟူရာ ကျားပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှဦးဆောင်၍ တပ်ခွဲ 2 – Mahauurar Dragon တပ်ဖွဲ့၊ ကနီမြို့နယ် မဟူရာကျား ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် မုံရွာခရိုင်အမှတ် ၁၈ တပ်ရင်း – Justice Brothers Force အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့နယ်၊...