အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၁

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော အင်အား ၈၄ ဦးပါ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အသင့်စောင့် ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ တပ်ခွဲမှူးဟု ယူဆရသူ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း -၁၆(ဘီလူးစစ်ကြောင်း)နှင့်အတူ မုံရွာခရိုင် ပကဖ အထူး တိုက်ခိုက်ရေးအဖွဲ့ Danger Force ၊တိုက်နယ် ပကဖ အင်အားစုများနှင့် local တပ်ပေါင်းစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့်ကနီမြို့နယ်ကြားတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော စစ်သင်္ဘော အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောကို ထိမှန်ခဲ့ကြောင်း မဟူရာကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့က နံနက်ပိုင်းက ကလးဝမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း...