သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ မေတ္တာမြို့သို့ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၈ ရက်နေ့က ထားဝယ်မြို့မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသော စစ်ကား ၁၀ စီးနှင့် စစ်သား အင်အား ၁၅ဝ ပါ စစ်ကောင်စီစစ်ကြောင်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ထားဝယ်မြို့နယ်၊သင်္ကန်းတုန်းကျေးရွာနှင့် ဝကုန်းကျေးရွာအကြား၌ ၂ နေရာခွဲပြီး ၂ ရက်ဆက် တိုက် ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးကျော်သေဆုံးပြီး ထောက်ပို့ကား ၈ စီပျက်စီးကာ စစ်ကား ၂ စီးပေါ်ထံမှ လက်နက်ခဲယမ်းနှင့်ရိက္ခာများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ် ၃ စီးဖြင့် ၇ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ-၄ တပ်ရင်း ၁၂ ၊ တပ်ရင်း ၁၀ နှင့် တော်လှန်ရေး ပူပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက် ပေးလှူခဲ့ရကြောင်း သိရသည်။
Photo – သိမ်းဆည်းရမိသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဉ်တန်းမှ ပစ္စည်း များ။
Thanlwin Myanmar Media