ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းကို အင်အားဖြည့်တင်းသည့် လမ်းကြောင်းပေါ်ရှိ စစ်တပ်စခန်း များကို လက်နက်ကြီးဖြင့် တိုက်ခိုက် (ရုပ်သံ)

ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းကို အင်အားဖြည့်တင်းသည့် လမ်းကြောင်းပေါ်ရှိ စစ်တပ်စခန်း များကို လက်နက်ကြီးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၀

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းကို အင်အားဖြည့်တင်းသည့် လမ်းကြောင်းပေါ်ရှိ စစ် တပ် စခန်းများကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ပဲခူးခရိုင်ပကဖထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၉ ရက် နေ့လည်ပိုင်းက ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းကို အင်အားဖြည့် တင်းသည့် လမ်းကြောင်းပေါ်ရှိ စစ်တောင်းမြစ်တဖက်ကမ်း ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရှိ စစ် တပ်စခန်းနှင့် စစ်တောင်းမြစ်တဖက်ကမ်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းနဖူးကျေးရွာတစ်ရွာ တို့၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများကို လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာမှာရှိတဲ့ အထိုင်းစခန်းနဲ့ စစ်တောင်းမြစ်အရှေ့ကမ်း ရွှေကျင်မြို့နယ်အတွင်းက ကမ်းနဖူးကျေးရွာတွေ တပ်စွဲနေထိုင်တဲ့ စခ တွေကို လက်နက်ကြီး ၆ လုံး နဲ့ ပစ်ခတ်ခဲ့တာ။ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပါ။ ပစ်မှတ်ကို ထိရောက်အောင် ပစ်ခတ်နိုင်ခဲ့ပါတယ်။ အဲဒီတပ်စခန်းတွေကနေတဆင့် ခမရ ၅၉၈ တပ်ရင်းထဲကို လူ၊ လက်နက်ရိက္ခာတွေ ဖြည့်တင်းတာဖြစ်ပါတယ်။” ဟု ပဲခူးခရိုင်ပကဖ တာဝန်ခံကိုဖြိုးမောင်က ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၇ ၊ ပဲခူးခရိုင် ပကဖ နှင့် ကဝမြို့နယ် ပကဖ လက်နက်ကြီး တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ရွှေကျင်မြို့နယ်အတွင်းရှိ ခမရ ၅၉၈ တပ်ရင်းကို လူအင်အား၊ လက် နက်အင်အားများ ထပ်မံဖြည့်တင်းကာ ပြန်လည်တည်ဆောက်ရန် ကြိုးစားနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကလည်း ပိတ်ဆို့ဖြတ်တောက်ထားလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့ ပဲခူးခရိုင်ပကဖအနေနဲ့ လိုအပ်နေတဲ့ ရိက္ခာဖြည့်တင်းနိုင်ဖို့ “ဆန်အိတ်တစ်ထောင် သိန်းတစ်ထောင်” ကမ်ပိန်းလုပ်ဆောင်နေတာရှိပါတယ်။ ထိုင်အလှူခံနေတာ မဟုတ်ပါဘူး။ လုပ် စရာ ရှိတာတွေလဲ ဆက်လက် လုပ်ဆောက်နေမြဲပါ။ ကမ်ပိန်းကအခု ၃၀ ရာခိုင်နှုန်းပဲရပါသေး တယ်။ ကမ်ပိန်းလေးကို ဝိုင်းကူကြပါအုံးလို့ မေတ္တာရပ်ခံပါတယ်” ဟု ပဲခူးခရိုင်ပကဖ တာဝန်ခံ ကိုဖြိုးမောင်က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...