ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၉

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့က ရေတာရှည်မြို့နယ်၊ ဆွာမြို့အခြေစိုက် ခလရ ၈၄ ၊ ခလရ ၁၉ တပ်ရင်း တို့မှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ပြည်သူတစ်ဦး။

အလားတူ ဩဂုတ်လ ၁၈ ရက် ညနေ ၅ နာရီခန့်ကလည်း ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ ဘက်ကမ်းရှိ ကျေးရွာများကို တောင်ငူလေတပ်မှ တက်လာသော Paramotor စက်တပ်လေထီး ၂ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိပဲပါဘူး။ ပါရာမိုတာနဲ့က ၂ နှစ်စီး ၂ ကြိမ်ကျဲချတာပါ။ ပါရာမိုတာနဲ့ချတာကတော့ ထိခိုက်မှုမရှိပါဘူး။ လက်နက်ကြီးနဲ့ပစ်ခတ်တာက ထိတာပါ။ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး သေဆုံးပါတယ်။ နေအိမ်ခြံဝန်းထဲမှာ နေထိုင်ရင်း လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတာပါ” ဟု ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိဘပြည်သူများအနေဖြင့် တော်လှန်ရေး အမြန်ဆုံးပြီးမြောက်စေရန်အတွက် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကြပါရန်၊ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ၊ မိုင်းအန္တရာယ် များကို သတိထားသွားလာနေထိုင်ကြပါရန်နှင့် စစ်ကောင်စီတပ်ဖွဲ့က ပေါ်တာဆွဲဖမ်းဆီးကာ စစ်မှု ထမ်းစေခိုင်းမှု၊ မတရားဖိနှိပ်မှုများကို အင်တိုက်အားတိုက်တွန်းလှန်တိုက်ခိုက်သွားကြပါရန် အသိပေး တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေသည်ဟုဆိုကာ တစ်မြို့လုံး ကို ပိတ်ဆို့ထားခဲ့ကြောင်း ဒေသနေ ပြည်သူများထံက သိရသည်။ ယနေ့ဩဂုတ်လ ၁၈ ရက်နေ့တွင် မကွေးပညာရေးကောလိပ်သို့ လာရောက်ခြင်းဖြစ်ပြီး အလားတူ မင်းဘူးမြို့အထွက်ရှိ ကျေးရွာတစ်ရွာ၌ လည်း သစ်ပင်စိုက်ပျိုးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ သို့...