ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမိုင်းတောင်စစ်တပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား အားလုံး ထွက်ပေးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ဩဂုတ်လ ၁၇ ရက် နေ့ကကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြိတ်ထား -ဝယ်ခရိုင် ပုလော (လယ်မူလာ)မြို့နယ်၊ အောင်ပူ(အင်ဖုံး) ကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ ခလရ ၂၈၅ တပ်ရင်း တပ်စွဲထားသော တမိုင်းတောင်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားများအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ယင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တစ်လကျော်ကြာ ရိက္ခာဖြတ်တောက် ပိတ်ဆို့ထားသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ပဲ စခန်းစွန့်ခွာထွက် ပြေး သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိတ်ဆို့ တိုက်ခိုက်မှုကို ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တပ်ရင်း ၇ တပ်ခွဲ ၅ နှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် K.N.L.A အထူးတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သိမ်းပိုက်ရရှိသော စခန်းကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦးနေအိမ်ပါ ၁၀ လုံးထက်မနည်းကို မီးရှို့ခဲ့သည့် စစ်ကြောင်း အား တိုက်ခိုက်မှု စစ်သား ၁၃ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)

ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦးနေအိမ်ပါ ၁၀ လုံးထက်မနည်းကို မီးရှို့ခဲ့သည့် စစ်ကြောင်း အား တိုက်ခိုက်မှု စစ်သား ၁၃ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦး၏နေအိမ်အပါအဝင် နေအိမ် ၁၀ လုံးထက် မနည်း မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က ထုတ်ပြန်သည်။ စက်တင်ဘာလ ၂၈ ရက်နေ့က...