Mogoke News

Mogoke News

မိုးကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ TNLA တစ်စခန်းကို  စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

 

  • တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် အပစ်ရပ်ထားသော်လည်း စစ်တပ်က ညီနောင်မဟာမိတ် တပ် စခန်းများကို လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်ဟု TNLA ပြော

 

D Day News

မေလ ၈

 

တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊ မန္တလေးတိုင်း၊ မိုကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

မေလ ၄ ရက် ည ၈ နာရီခန့်က မိုးကုတ်မြို့နယ်၊ ဖြူရောင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၁၄၈ နှင့် ခလရ ၇၁ တပ်တို့က ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို လက်နက်ကြီး ၄ လုံးအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို ပစ်ခတ်မှုကြောင့် ဖြူရောင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

 

လွန်ခဲ့သည့် ၂၀၂၃ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အကြား ယာယီအပစ်ရပ်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ အပစ်ရပ် ပြီး နောက်ပိုင်း စစ်ကောင်စီတပ်က ညီနောင်မဟာမိတ်တပ်စခန်းရှိသည့် နေရာများသို့ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ လာရောက်ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

 

လွန်ခဲ့သည့် ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့ရာသုံးဆယ်ကျေးရွာက အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေ အိမ် ၂ လုံး ပျက်ဆီးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံး ၊

ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံး ၊

နယ်မြေရှင်းလင်းရေး လုပ် ဆောင်ရန် တာဝန်ပေးခံရသည့် ခလရ ၂၇၁ တပ်ရင်းမှူးလည်း တပ်ရင်း တစ်ခုလုံး အလင်းဝင်ရန် တိုင်ပင်စဉ် ထပ်မံဖမ်းဆီးခံရ သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ် ရင်းမှ တပ် ရင်း...