အကြမ်းဖက်စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဟု ကြေညာ၊ ပထမ ပိုင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ပြုလုပ်မည်

အကြမ်းဖက်စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဟု ကြေညာ၊ ပထမ ပိုင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ပြုလုပ်မည်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၈

အကြမ်းဖက်စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပထမပိုင်းအဖြစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လွှတ်တော်အသီးအသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း ၁ ကို စတင်ပြုလုပ်မည်ဖြစ်ပြီး ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ ရက်များကိုလည်း ဆက်လက်၍ အသိပေးထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက် အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကိုပါ ရွေးကောက် ပွဲပြုလုပ်မည်ဟု ကြေညာားခြင်းဖြစ်ပြီး MNDAA ၊ UWSA ၊ မိုင်းလား၊ TNLA ၊ AA ၊ KIA၊ KNU ၊ CNF ၊ CB အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသော မြို့ နယ်များအားလုံးကို ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များအဖြစ် သတ်မှတ်ထားသည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေအဖြစ် မြို့နယ် ၃၃၀ ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁၀ ခု၊ တိုင်းနှင့်ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အဖြစ် ၃၆၄ ခု ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်၊ လူမျိုးစု မဲဆန္ဒနယ်အဖြစ် ၂၉ နယ် တို့ကို သတ်မှတ်ထားကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြု စနစ် PR ဖြင့် မဲဆန္ဒနယ် ၆၈ ခု ပါဝင်ပြီး အမျိုးသားလွတ်တော်တွင် မဲဆန္ဒနယ် ၂၆ ခုကို PR စနစ်ဖြင့် လည်းကောင်း၊ တိုင်းနှင့်ပြည် နယ် လွှတ်တော် မဲဆန္ဒနယ် ၄၂ ခုကို PR စနစ်ဖြင့် လည်းကောင်း ရွေးကောက်ပွဲကျင်းပမည် ဖြစ်ပြီး ကျန်မဲဆန္ဒနယ်များအားလုံးကို နိုင်သူ အကုန်ယူ FPTP စနစ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း ကြေညာ ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃၀ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်များအားလုံးသည် အကြမ်းဖက် သမားများ ဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုက ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကော်မရှင်ဟုခေါ်သော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည် အကြမ်းဖက် အုပ်စု...