ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းစံပြကျေးရွာတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပြီး အရာရှိတစ်ဦးအပါ အ ဝင် စစ်သား ၄ ဦး သေဆုံး

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းစံပြကျေးရွာတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပြီး အရာရှိတစ်ဦးအပါ အ ဝင် စစ်သား ၄ ဦး သေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၇

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းစံပြကျေးရွာတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အရာရှိ တစ် ဦး အပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Fire Dragon စစ်ကြောင်းက ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၁၆ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်က ညောင်လေးပင်မြို့နယ် ၊ ပုစွန်မြောင်း စံပြ ကျေးရွာ၊ ဆွဲဒလွဲပိုင်းတစ်နေရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ရဲဘော်များက တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးနှင့် အခြားအဆင့်ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို P-23703 (Fire Dragon) တပ်ရင်းနှင့် တောကျီးကန်းတပ်ရင်း ဒရုန်းအဖွဲ့ များ ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြေင်း သိသည်။

တိုက်ပွဲပွားနေစဥ်အတွင်း ညောင်လေးပင်မြို့ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခမရ ၂၀ တပ် ရင်းမှ ၁၂၀ မမလက်နက်ကြီးများဖြင့်လည်းကောင်း ၊ ညောင်လေးပင်-မဒေါက်လမ်းပိုင်းပေါ်ရှိ ရေ ကြည်ချောင်းဂိတ်စခန်းမှ လက်နက်ကြီးများဖြင့်လည်းကောင်း အချက်ပေါင်းများစွာ ပစ်ကူ ပေး ပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီအချိန်တွင် ပုစွန်မြောင်းကျေးရွာ၊ အိုးဘိုပိုင်း၌လည်း အကြမ်းဖက်စစ်ကောင်စီတပ် သားများကို Frie Dragon ရဲဘော်များက ဒုတိယအကြိမ် လက်ဦးမှုရယူ၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက် ကြီးပစ်ကူ အမြောက်အများ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကိုတိုက်ခိုက်မှု အရာရှိ ၃ ဦးအပါအဝင် ၄ ဦး သေဆုံး၊ လက်နက် ၃ လက်သိမ်းဆည်းရရှိ

မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကိုတိုက်ခိုက်မှု အရာရှိ ၃ ဦးအပါအဝင် ၄ ဦး သေဆုံး၊ လက်နက် ၃ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် ၄ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေး အဖွဲ့ -ပလဖ က ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက်...