မုံရွာ-ကျောက္ကာလမ်းပေါ်သို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ခန့်သေဆုံး ပြီး ၁ ဦးအရှင်မိ (ရုပ်သံ)

မုံရွာ-ကျောက္ကာလမ်းပေါ်သို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ခန့်သေဆုံး ပြီး ၁ ဦးအရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ-ကျောက်က္ကာလမ်းပေါ်သို့ ဝင်ရောက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ခန့်သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သပြေညို ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၈ ရက် မွန်းလွဲ ၁ နာရီခန့်က မုံရွာမြို့မှ မုံရွာ-ကျောက္ကာလမ်း အတိုင်း အင်အားအများ အ ပြား ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ် စစ်ကြောင်းသည် ကျောက္ကာရွှေဂူနီ ဘုရားရှေ့ရှိ စာသင် ကျောင်းထဲ၌ နေရာနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ရွှေဂူနီ ဘုရားမုခ်ပေါက်၌ နေရာယူကာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ကျောက္ကာဘောလုံးကွင်းအနောက်ဘက်၌လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ ကြောင်း ၊ ယင်းများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၀ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ပေါ်တော်မူကျောင်းထဲ၌ ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ခေတ္တခဏ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ဆုတ်ခွာပြီး ရွှေဂူဖြူဘုရားသို့ ရောက်ရှိချိန်တွင် ရေနံကုန်းသို့ ထိုးလာသော စစ်ကြောင်းနှင့် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဒုတိယအ ကြိမ် ထပ်မံတိုက်ပွဲဖြစ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ပါရာမိုတာများဖြင့် အဆက်မပြတ် စစ် ကူပေးတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်သား ၂၀ ခန့်သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ပြီး စစ်သား ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ မုံရွာ -အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းများ ခြေရှုတ်နေ သဖြင့် ခရီးသွားလာခြင်း မပြုလုပ်ကြပါရန် အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုကို သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊ အရာတော်မြို့နယ်တိုက်နယ် (၉၊၁၀၊၁၁) ပကဖ ၊ မုံရွာမြို့နယ်တိုက်နယ် (၂) နှင့် ဗျူဟာ (၆၆) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး သေဆုံးခဲ့ ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၄ ရက် နံနက်အစောပိုင်း ၂...