မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သားများကို တိုက်ခိုက် မှု စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိ

မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သားများကို တိုက်ခိုက် မှု စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သား များကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗိုလ် တိုက် ဂါးတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁၄ ရက်နံနက် ၅ နာရီ မိနစ် ၄၀ အချိန်က မြင်းမူမြို့နယ်၊ စစ်ကိုင်း – မုံရွာလမ်းမပေါ်ရှိ စစ်တပ်အထိုင် ဂိတ်စခန်း တစ်ခုမှ ကင်းပုန်းဝပ်ရန်ထွက်လာသောစစ်သားများကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များက ပြောက်ကျားစစ် မြွေဟောက်ဗျူဟဖြင့် အသင့်ကြိုတင် နေရာယူစောင့်ဆိုင်းပြီး ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကာ လက် နက် ၃ လက်သိမ်း ဆည်းရရှိ ခဲ့ ကြောင်း သိရသည်။

“စစ်ကိုင်း-မုံရွာလမ်းဘေးတစ်နေရာမှာ တိုက်ခိုက်ခဲ့တာ။ သူတို့ထွက်လာတာက ၅ နာရီ ၄၀ လောက် ထွက်လာတယ်။ ထွက်လာတက ၅ ယောက်ထွက်လာတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ပစ်မှတ်ထဲကို တော့ ၄ ယောက်ပဲ ဝင်လာတာ။ ၄ ယောက်မှာ ၂ ယောက်က နေရာတင်ပွဲချင်းပြီးသေပြီးတော့ ၁ ယောက်က သေနတ်ချပြီးပြေးသွားတာ။ အဲဒီပြေးသွားတာက ၂ ယောက်ပေါ့၊ တစ်ယောက်က သူတို့ စခန်းနားရောက်တဲ့အချိန်မှာ လဲကျသေသွားတာ။ ကျန်တဲ့တစ်ယောက်က လက်မောင်းထိခိုက် ဒဏ် ရာရတယ်လို့ သတင်းရထားတယ်” ဟု ဗိုလ် တိုက် ဂါးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် စစ်ဌာန ကွတ်ကဲရေးမှူး ကွတ်ကဲမှုဖြင့် T.G.R တပ်ဖွဲ့ ၊ 11 Brother တပ်ဖွဲ့၊ ရေနဂါးပြည်သူ့ကာကွယ်တပ်ဖွဲ့ ၊ Black Eagle တပ်ဖွဲ့ ၊ Black Brothers တပ်ဖွဲ့ ၊ Hero တပ်ဖွဲ့ နှင့် ဒီမိုပြောက်ကြား တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက် ညနေ...