ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၇

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသနေပြည်သူများထံက သိရ သည်။

ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါ လိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးနှင့် လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ဆေးရုံမှာ လုံးဝပျက်စီးသွားကြောင်း သိရ သည်။

“လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ပျံဝဲနေတာ။ အဲလိုဆိုတော့ ပြည်သူတွေက သတိနဲ့ နေနေကြတော့ အထိခိုက်အနည်သွားတာဖြစ်ပါတယ်။ ၂ ရက်ဆက်တိုက် ပျံဝဲပြီး ဒီနေ့မနက် ၈ နာရီခွဲလောက်ကမှ ကျဲသွားတာ၊ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ဆေးရုံက တော့ တော်တော် ပျက်စီးသွားတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိသော မြို့နယ်များကို အရေးပေါ် အခြေ အနေ ကြေညာထားပြီး လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသော ကြောင့် မိဘ ပြည်သူများ အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတိပေးချက်များ၊ နည်းလမ်းများကို လိုက်နာ ကျင့်သုံးပေး ကြပါရန်နှင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြပါရန် တော်လှန်ရေးအဖွဲ့ အစည်း များက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...