ညောင်ဦးမြို့နယ် စုတည်ရွာနှင့်ရွာသစ်တောင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦး သေဆုံး

ညောင်ဦးမြို့နယ် စုတည်ရွာနှင့်ရွာသစ်တောင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦး သေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၇

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စုတည်ရွာနှင့် ရွာသစ်တောင်ရွာကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း People’s Democratic Army – PDA တပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီက ညောင်ဦးမြို့မှ စစ်သားများနှင့် မြင်းခြံမြို့ပျူစောထီးခေါင်း သီတာယုမွန် လက်အောက်ခံ ပျူများ ပူးပေါင်း စစ်ကြောင်းကို  ညောင်ဦးမြို့နယ်၊ စုတည်ရွာနှင့် ရွာ သစ်တောင်ရွာ ကြား ဘူတာရုံဟောင်းအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြား ဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား၊ ပျူစောထီး ၁၅ ဦး ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ဗုံးသီး ၁ လုံး၊ ၅.၅၆ ကျည် ၁၉ ထောင့်နှင့် ၇.၆၂ ကျည် ၁၆ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းသိ ရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် – People’s Democratic Army – PDA မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ စစ်တပ်က အင်အားထပ်မံဖြည့်တင်းကာ စစ်ကြောင်း ထိုးနေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိစွာနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...