ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ် အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦးသေဆုံး (ရုပ်သံ)

ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ် အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၃ ဦးအပါအဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း နည်းဗျူဟာ ၃၃ အထူး စစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၅ ရက် ညနေ ၄ နာရီခန့်က ရေဖြူမြို့နယ် ၊ ကော့လှိုင်ကျေးရွာအနီးသို့ စစ်‌ကြောင်းထိုး လာ‌သော အင်အား ၁၅၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို နည်းဗျူဟာ၃၃ နှင့် တော်လှန်‌ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီအထိ ၂ နာရီခန့်အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၇ ဦး သေဆုံးကာ ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၅ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးအဖွဲ့၊ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါန စစ် ကြောင်း – ၃ (KBDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးဘီလူးတပ်ရင်း၊ ရာမညမွန် တပ်‌‌ တော် (R.M.A) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး သေဆုံးခဲ့ ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၄ ရက် နံနက်အစောပိုင်း ၂...