သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၆
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အတွင်း ချီတက်နေသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀၀ ခန့်သေဆုံးပြီး အလင်းဝင် စစ်သား ၁၀၀ ကျော် က စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိုင်ပကဖ က ထုတ်ပြန်သည်။
မေလ ၂၇ ရက်နေ့မှစ၍ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ပေါက်မြို့ဘက်သို့ ဦးတည်ထွက်ခွာ လာ သော ယာဉ်အစီးရေ ၁၄၀ ကျော်ပါ ယာဉ်တန်းနှင့် အင်အား ၁၀၀၀ ကျော်ပါ စစ်ကြောင်းကို မြိုင်မြို့ နယ်နှင့်ပေါက်မြို့နယ်အတွင်းရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀၀ ကျော် သေဆုံးထားပြီး အများအပြား ဒဏ်ရာရရှိထားကြောင်း သိရသည်။
ထို့အပြင် ခရိုင်မှူး၊ ဗိုလ်မှူးဟု ဆိုသူကို လည်း ဖမ်းမိထားပြီး အလင်းဝင်စစ်သား အရေအတွက် ၁၀၀ ဦးကျော်ခန့်ရှိကြောင်း၊ အလင်းဝင်သူများထဲမှ နေရပ်ပြန်ချင်သူများကို ပြန်လည် ပို့ဆောင်ကာ စစ် ကောင်စီကို ပြန်လည်တိုက်ခိုက်မည့်သူများကို အနီးကပ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည့် အလင်းဝင်စစ်သားများအား နဂိုမူလ ပကတိ စိတ်ထားကို ပြု ပြင်ပေးခြင်း ၊ တည့်မတ်ပေးခြင်း ၊ လူထုဗဟိုပြုသော စိတ်ထားမွေးမြူဆောင်ရွက်တတ်စေရန် စည်း ရုံးသိမ်းသွင်းခြင်းတို့ လုပ်ဆောင်ပေးနေသည့်အပြင် ဗျူဟာ တပ်ရင်း၊ တပ်ဖွဲ့စုစည်းပေးထားကြောင်း သိရသည်။
ယခုအခါ ယင်းစစ်ကြောင်းမှာ အင်အားအရများသော်လည်း အချိန်တစ်ခုတွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ အစည်း အသီးသီးမှ မျက်ဝါးထင်ထင် ပြသ၍ ချပြရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးအရ ချပြရှင်းလင်းဆောင်ရွက်နိုင်ခြင်းမရှိ သေးသော်လည်း မြေပြင် ရဲဘော်များနှင့်ပြည် သူလူထုအနေဖြင့် စစ်၏သဘောတရားများကို နားလည်ခွင့်လွှတ်ပေးပါရန် အသိပေး မေတ္တာရပ်ခံ ထားသည်။
Thanlwin Myanmar Media