Hsi Hseng News

Hsi Hseng News

ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူ ၉ ကို စစ်တပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီး

 

D Day News

မေလ ၈

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း၌ အကြမ်းဖက် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၉ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကြောင်း PNLA သတင်းနှင့်ပြန်ကြား ရေးဌာနထံက သိရသည်။

 

မေလ ၇ နေ့က ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာမှ အမျိုးသား ၅ ဦးနှင့်ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး အပါအဝင် အမျိုးသမီး ၄ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။

 

အဆိုပါ ပြည်သူ ၉ ဦးမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ထီဗွာကျေးရွာသို့ စစ်ကြောင်းထိုး လာစဉ် ကြောက်ရွံ့သဖြင့် စစ်ဘေးရှောင်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ကျေးရွာအတွင်းသို့ ပစ္စည်းပြန်သယ်သည့် ထီဗွာကျေးရွာသားတဦးမှာလည်း စစ်ဘေးရှောင် ရာနေရာသို့ ပြန်မရောက်လာပဲ ပျောက်ဆုံးနေသည်မှာ ၂ ရက်ရှိပြီဖြစ်ကြောင်း PNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သောကြောင့် အသိအမှတ် မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် NLD ပါတီက ယနေ့ ထုတ်ပြန်လိုက်သည်။ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ...