ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား အလောင်း ၂၀ နှင့်အတူ လက်ခဲယမ်းများ သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား အလောင်း ၂၀ နှင့်အတူ လက်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၆

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၂၀ ခန့်နှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် – AA က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၅၄ မိနစ်က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ မြောက်ဘက် ကီလိုမီတာ ၃၀၀၀ ကျော် အကွာအဝေးရှိ အာရက္ခတပ်တော် တပ်ဖွဲ့များရှိရာသို့ အကြမ်းဖက် စစ် ကောင်စီ၏ တပ်မ ၉၉ လက် အောက်ခံတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လာရာ မိနစ် ၃၀ ခန့် အကြာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက လိုက်လံ ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ်မြေရှင်း လင်းစဉ် စစ်သားအလောင်း ၂၀ ခန့်နှင့်အတူ လက်နက်ခဲယမ်း၊ စစ်သုံးအဆောင် ပစ္စည်းအချို့ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော်အနေဖြင့် မျှော်မှန်းထားသော စစ်ရေးရည်မှန်းချက်များ အလုံးစုံ အထမြောက်စေ ရန်အတွက် စစ်ကောင်စီနှင့်ရင်ဆိုင်ထားသောနေရာများ၌ ရပ်တန့်ခြင်း မရှိသေးသည့် တိုက်ပွဲများနှင့် အတူ အပြီးသတ်မြို့သိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများ၊ ရက္ခိုင်ရိုးမတောင်တန်း တစ်လျှောက်၌ စစ်ကောင်စီ၏ ထိုးစစ်များကို ခုခံဆင်နွှဲလျက်ရှိကြောင်း၊ ယင်းနေရာများမှာ ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်း အစပ်များနှင့် အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားသောနေရာများ၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း အသိပေးထား သည်။

တိုက်ပွဲများအတွင်း ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်များနှင့်အတူ ဟန်ချက်ညီ တိုက်ပွဲများမှ တစ်ဆင့် စစ်ရေးရည်မှန်းချက်များ အပြည့်အဝ အကောင်အထည်ဖော် တိုက်ခိုက်လျက်ရှိပြီး တစ်နှစ် နှင့် ၉ လ ကျော်သည့်အတိုင်အောင် နေ့စဉ်နှင့်အမျှ (သို့မဟုတ်) မကြာခဏ တိုက်ပွဲများ ဆက်လက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပခုက္ကူတပ်မ ၁၀၁ မှ မြိုင်နှင့်ပေါက်မြို့နယ်တို့အတွင်းသို့ ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀၀ ကျော်သေဆုံး၊ အလင်းဝင် စစ်သား ၁၀၀ ကျော်က စစ်ကောင်စီကို ပြန်တိုက်မည်

ပခုက္ကူတပ်မ ၁၀၁ မှ မြိုင်နှင့်ပေါက်မြို့နယ်တို့အတွင်းသို့ ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀၀ ကျော်သေဆုံး၊ အလင်းဝင် စစ်သား ၁၀၀ ကျော်က စစ်ကောင်စီကို ပြန်တိုက်မည်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၆ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အတွင်း ချီတက်နေသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀၀ ခန့်သေဆုံးပြီး အလင်းဝင် စစ်သား ၁၀၀ ကျော် က စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိုင်ပကဖ က ထုတ်ပြန်သည်။ မေလ...