မုံရွာမြို့ နမခမှထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံးပြီး ၁ ဦး အရှင် မိ (ရုပ်သံ)

မုံရွာမြို့ နမခမှထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံးပြီး ၁ ဦး အရှင် မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခမှ စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးထက်မနည်းသေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ဇေယျာညီနောင်စစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက သံလွင်မြန်မာသတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁၀ ရက်နေ့က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော စစ်ယာဉ်တန်း နှင့် ခြေလျင် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ခန့်သေဆုံးပြီး စစ်သား ၁ ဦးကို  MA1 သေနတ် ၁ လက်၊ ကျဉ်ဘောက် ၄ ဘောက်၊ ၅.၅၆ ကျဉ် ၈၂ တောင့် နှင့် အတူ အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းစစ်ကြောင်းမှ ၁၂ ဘီး ကား ၁ စီးနှင့် FZ ဆိုင်ကယ် ၁ စီးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

“ဩဂုတ်လ ၁၀ ကျနော်တို့ ဇေယျာညီနောင်စစ်ကြောင်းနဲ့ မဟာမိတ်တွေပူးပေါင်းပြီးတော့ စစ်ဆင် ရေးတစ်ခုဖော်ဆောင်ခဲ့တာ။ ကြားဖြတ်တိုက်ခိုက်တဲ့အချိန်မှာ စခတွေကတော့ ၄၀ လောက်ကျ တယ်။ အရှင် တစ်ယောက်ဖမ်းမိတယ်။ အခုလောလောဆယ်တော့ အင်အားမမျှလို့ ပြန်ဆုတ်လာ ရတော့ လက်ရှိ စခစစ်ကြောင်းအနေကတော့ ဆက်လက် စုံစမ်းဆဲပဲ။” ဇေယျာညီနောင်စစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက သံလွင်မြန်မာသတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဇေယျာညီနောင်စစ်ကြောင်းနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ လက်ရှိစစ်ကြောင်းအခြေအနေ စုံစမ်းနေဆဲဖြစ်ပြီး တန်ပြန်တိုက်ခိုက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀...