သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝဲခမီကျေးရွာအနီး သံဖြူဇရပ် -ရေးလမ်းမပေါ်တွင် စစ်ကောင်စီ၏ ရွေး‌ ကောက်ပွဲအတွက် သင်တန်းတက်ရန် သွားရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်း သိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသားစုထံ ပြန်လည်အပ်နှံခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး တပ် – MSRF တပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နံနက်ပိုင်းက မွန်ပြည်နယ် သံဖြူဇရပ် – ရေး အမှတ် – ၈ အမြန်လမ်း ပေါ်တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနအောက်ရှိ တပ်များဖြစ်သော မွန် ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တပ်ဖွဲ့တို့မှ ခရီးသွား ပြည်သူများ​၏ လုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် သင်တန်းတက်ရောက်မည့် Non-CDM ပညာရေးဝန်ထမ်း ၄ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိသည့် Non-CDM ပညာရေးဝန်ထမ်း ၄ ဦးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တပ်ဖွဲ့တာဝန်ရှိသူများက ၂၄ နာရီခန့် စစ်ဆေးရန် ထိန်းသိမ်းထားခဲ့ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင် ပတ်သက်ခြင်းမပြုရန် ခံဝန်ကတိလက်မှတ်ရေးထိုးကာ ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် ၎င်းတို့​၏ မိသားစုဝင်များထံ ပြန် လည်အပ်နှံခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူများမှာ ရေးမြို့နယ်၊ လမိုင်း အထက ကျောင်းမှ ဆရာမ ဒေါ်ဇာခြည်သော်၊ မော့ကနင် အထက ကျောင်းမှ ဆရာမဒေါ်ခင်လေးမွန်၊ နှစ်ကရင်အထက ကျောင်းမှ ဆရာ ဒေါ်ကြင်ဦးတို့အပါအဝင် ၄ ဦးဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ကြမည့် Non – CDM ဝန်ထမ်းများ​၏ စာရင်းများကို ရရှိထားပြီး ဆက်လက်ပါပူးပေါင်းပါဝင်နေသူများကို ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ဖက်ဆစ် စစ်တပ်က သီတင်းကျွတ်လပြည့် နေ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၆ ရက်) နံနက်...