ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကင်တိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၊ PNO ပြည်သူ့စစ် ၂၀ ဦးခန့်သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် က ထုတ်ပြန်သည်။

ဩဂုတ်လ ၆ ရက်နေ့မှစပြီး ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာဘက်ကို အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်လာသော စစ်တပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ  စစ်သား ၊ PNO ပြည်သူ့စစ် ၂၀ ဦး သေဆုံးကာ ၁ ဦးကို လက် နက်နှင့် အတူ အရှင် ဖမ်းမိခဲ့ကြောင်းကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းကို စစ်ဆေးမေးမြန်းလျက်ရှိပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီး အဆမတန်အသုံးပြုကာ ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်တပ်ဖွဲ့မှ ရဲဘော် ၂ ဦး၊ မဟာ မိတ်တပ်ဖွဲ့များမှ ရဲဘော် ၄ ဦး စုစုပေါင်း ၆ ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းက စစ်ဘေးရှောင်တဲ ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုအခါ ပြန် ဆုတ်သွားပြီဖြစ်ကြောင်း၊ ထိုသို့ ပြန်ဆုတ်သွားသော်လည်း လက်နက်ကြီးဒရုန်းများဖြင့် တိုက်ခိုက်မှု များ ဆက်ရှိနေကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-ကျောက္ကာလမ်းပေါ်တွင် ၁ ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ဦး ခန့်သေဆုံး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ဦးခန့် ဒဏ်ရာရ

မုံရွာ-ကျောက္ကာလမ်းပေါ်တွင် ၁ ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ဦး ခန့်သေဆုံး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ဦးခန့် ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၄ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ကျောက္ကာလမ်းမပေါ်တွင် ၁ ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ဦးခန့် သေဆုံးကာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ...