ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီး ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၄ ဦး သေဆုံး

ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီး ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၄ ဦး သေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၄

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ ကော့လှိုင်ကျေးရွာအနီး ဝင်ရောက်လာသော စစ် တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၄ ဦး သေဆုံးခဲ့ကြောင်း MSRF တပ်ဖွဲ့ ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၁၃ ရက် နံနက် ၁၁ နာရီခန့်က ရေဖြူမြို့နယ်၊ ကော့လှိုင်‌ကျေးရွာအနီးသို့ အင် အား ၁၅၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့အပြင် ညနေ ၃ နာရီ တွင်လည်း ထပ်မံတိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲ ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၄ ဦး သေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အထိနာသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၆ တပ်ရင်း ၂၇ ၊ ရာမညမွန်တပ်‌‌တော် (R.M.A) ၊ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်း အထူးစစ်ဆင်ရေး အဖွဲ့နှင့် ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း (KTLA) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...