ရခိုင်ပြည်နယ်တွင် ဆာလောင်မွတ်သိပ်မှုနှင့် အဟာရချို့တဲ့မှု မြင့်တက်နေဟု WFP ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် ဆာလောင်မွတ်သိပ်မှုနှင့် အဟာရချို့တဲ့မှု မြင့်တက်နေဟု WFP ထုတ်ပြန်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၄

ရခိုင်ပြည်နယ်တွင် ဆာလောင်မွတ်သိပ်မှုနှင့် အရဟာရချို့တဲ့မှု မြင့်တက်လာနေကြောင်း ကမ္ဘာ့စား နပ် ရိက္ခာအစီအစဉ် – WFP က ထုတ်ပြန်သည်။

ပဋိပက္ခ၊ ပိတ်ဆို့တားဆီးမှုနှင့် ရန်ပုံငွေဖြတ်တောက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် ဆာ လောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုများ မြင့်တက်လာနေပြီး လူသားချင်းစာနာထောက်ထား မှု အကူအညီများ ပိုမိုပေးအပ်နိုင်ဖို့ အရေးတကြီးလိုအပ်လျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က တိုက်တွန်းထားသည်။

လတ်တလောလေ့လာချက်အရ ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ အိမ်ထောင်စုပေါင်း ထက်ဝက်ကျော် သည် အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်ကို ပြည့်မီအောင် မစားသုံးနိုင်တော့သည်ကိုတွေ့ရှိရကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒီထက် အခြေအနေ ပိုဆိုးနိုင်ကြောင်း ခန့်မှန်းထားထား သည်။

မိသားစုဘဝရှင်သန်ရပ်တည်ရေးအတွက် အကြွေးယူနေရခြင်း၊ တောင်းရမ်းစားသောက်နေရခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများဖြစ်ပွားနေခြင်း၊ ကလေးများကျောင်းထွက်လိုက်ရခြင်းနှင့် လူကုန်ကူးမှု များ အထိ နည်းမျိုးစုံဖြင့် အပူတပြင်းကြိုးစားရှင်သန်နေကြရကြောင်း WFP က ရပ်ရွာ လူထု အကြံပြုတုံ့ပြန်မှုစနစ်က လက်ခံရရှိခဲ့သည့် မှတ်တမ်းများကို အခြေပြု၍ ပြောဆိုထားသည်။

WFP အနေဖြင့် အခြေအနေအဆိုးရွားဆုံးဖြစ်နေသည့် ဒေသ‌များကို ကူညီထောက်ပံ့မှုများ အကန့် အသတ်ဖြင့် ပြန်လည်စတင်ပေးအပ်နိုင်ရန် လုပ်ဆောင်နေပြီး နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ တိုးမြှင့်ပေးအပ်ကြရန်နှင့် မြေပြင်ရှိ အာဏာ ပိုင် များအနေဖြင့်လည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပေးရန် WFP က တောင်းဆိုထားထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်တပ်၏ စစ်ကြောရေးစခန်းများတွင် လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင် အင်္ဂါကို မီးရှို့ခြင်း အပါအဝင် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုကျူးလွန်သည့် သက်သေများကို ရှာ ဖွေတွေ့ရှိထားဟု ကုလသမဂ္ဂ IIMM က ပြော

စစ်တပ်၏ စစ်ကြောရေးစခန်းများတွင် လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင် အင်္ဂါကို မီးရှို့ခြင်း အပါအဝင် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုကျူးလွန်သည့် သက်သေများကို ရှာ ဖွေတွေ့ရှိထားဟု ကုလသမဂ္ဂ IIMM က ပြော

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၃ အကြမ်းဖက်စစ်တပ်၏ စစ်ကြောရေးစခန်းများတွင် လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့် ခြင်း၊ လိင်အင်္ဂါကို မီးရှို့ခြင်း အပါအဝင် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုများ၊ စနစ်တကျ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်သည့် သက်သေ အထောက်အထားများ ရှာဖွေတွေ့ရှိထား ကြောင်း မြန်မာနိုင်ငံဆိုင်ရာ...