မြင်းခြံမြို့အနီး အင်အား ၃၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းအတွင်း MBT ရဲဘော် ၂ ဦးက ထိုး ဖောက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ယင်းရဲဘော် ၂ ဦးကို MBT တပ်ဖွဲ့က ထူးချွန် တပ်သားဆုချီးမြှင့်မည်

မြင်းခြံမြို့အနီး အင်အား ၃၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းအတွင်း MBT ရဲဘော် ၂ ဦးက ထိုး ဖောက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ယင်းရဲဘော် ၂ ဦးကို MBT တပ်ဖွဲ့က ထူးချွန် တပ်သားဆုချီးမြှင့်မည်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၃

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးတွင် အင်အား ၃၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းအတွင်း MBT ရဲ ဘော် ၂ ဦးက ပြောက်ကျားနည်းဖြင့် ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီခန့်က မြင်းခြံမြို့အနီး Myingyan Black Tiger – MBT တပ်ဖွဲ့၏ ဗျူဟာ -၂ နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ် ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာပြီး ကင်းပုန်းဝပ်နေခဲ့ကြောင်း၊ ထိုသို့ ကင်းပုန်းဝပ်နေသည့် စစ်သားများကို MBT တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးက ယင်းစစ်သားများ၏ နောက်မှ မီတာ ၃၀ အကွာ အထိ အနီးကပ် ထိုးဖောက် ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၂ ဦးအ ပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လက်နက်ခဲယမ်းပြတ်တောက်နေလို့ ပြောက်ကျားနည်းနဲ့တိုက်ခိုက်နေရတာဖြစ်ပါတယ်။ လက်နက် ခဲယမ်းကောက်ယူနိုင်ခဲ့ခြင်းမရှိပေမယ့် စစ်ဆင်ရေးအောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့တဲ့ MBT တပ် ဖွဲ့ရုံးချုပ်ကနေ ထူးချွန်တပ်သား ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း အား တင်းထားပေးပါ၊ ကျနော်တို့မှာက လက်နက်စက်ရုံမရှိဘူး၊ ခဲယမ်းစက်ရုံမရှိဘူး။ ပြည်သူထောက်ပံ့ငွေ နဲ့ပဲ ဝယ်ယူရတာဖြစ်တယ်။ အခုဝင်ရောက်တဲ့စကစစစ်ကြောင်းကို မဟာမိတ်တွေရဲ့ အကူအညီနဲ့ တန်ပြန်တိုက်ထုတ်နိုင်အောင် အကောင်းဆုံးကြိုးစားမယ်။ လိုအပ်နေတဲ့ ခဲယမ်းဖိုးကို ကူညီထောက် ပံ့ပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

Myingyan Black Tiger – MBT တပ်ဖွဲ့အနေဖြင့် ခဲယမ်းလုံလောက်မှု မရှိသောကြောင့် နယ်မြေ အချို့ကို စစ်ကောင်စီတပ်ဖွဲ့ထံ လက်လွှတ်ပေးလိုက်ရသော်လည်း ပြောက်ကျားနည်းစနစ်ကို အသုံး ပြု၍ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းထံမှ သိရသည်။ စက်တင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ သံခွန်သင်္ဘောများဖြင့် ဧရာဝတီမြစ်...